တစ်ဖြေးဖြေး တရွေ့ရွေ့ချင်းမညှာမတာသည်းလာပြီး တိတ်မည့်ပုံမပေါ်တဲ့မိုးရေတွေကြားထဲ
လဲပြိုတော့မတက် ပိန်ပိန်လှီလှီကောင်လေးတစ်ယောက်က အားတင်းကာရပ်နေသည်။သူ့စိတ်ထဲတွင် ဒီလိုအားမလျော့ပဲ မိုးရေထဲရပ်နေခြင်းက အဘွားအိုဆီကနေ သနားညှင်သာခြင်းလေးတစ်စွန်းတစ်စ ရမလားဆိုသည့်အတွေးကြောင့် ဇွဲ
မလျှော့ပဲ ခေါင်းငိုက်စိုက်ဖြင့် ကြိမ်းစပ်နေတဲ့မျက်လုံးတွေကိုစုံမှတ်ကာ ခပ်တွေတွေဆက်ရပ်နေ၏။သူဒီအလုပ်ကိုရမှဖြစ်မည်။ ၅ရက်တာဆာလောင်နေသည့်ဗိုက်နဲ့အားမရှိတော့သည့်ခန္ဓာကိုယ်က ဘယ်လောက်ထိ တောင့်ခံနိုင်မလဲမသိတော့ပါ။
အရိုးပေါ်အရည်တင်နေသည့် လက်ကောက်၀တ်ကလေးကိုငုံ့ကြည့်မိရင်း တွေးလိုက်သည်
'အင်းးဒီတိုင်းသာဆို မကြာတော့ပါဘူး' ။ချမ်းတုန်နေရင်းလဲကျတော့မည့်ဆဲဆဲမှာ ဂျောက်ကနဲ တံခါးဖွင့်သံက မိုးသံတွေကြားအလွန်တိုးလျှိုးသော်လဲ မျှော်လင့်နေသည့်အသံမို့ သူ့နားစည်ထဲတွင်တော့ကျယ်ကျယ်လောင်လောင်။
"အို ကလေးရယ် ဒီမှာဘာရပ်လုပ်နေတာလဲ။အိမ်မပြန်ဘူးလား"
အိမ်ဆိုသည့်အသံကြားတာတဲ့၀ေ့တက်လာသည့်မျက်ရည်တွေကို မိုးရေတွေနဲ့ရောချလိုက်သည်။
"ကျွန်တော်အလုပ်လိုချင်လို့ပါ"
ချမ်းတုန်နေတာကြောင့်ရော စိတ်မခိုင်တာကြောင့်ပါအသံကတုန်ရီနေသည်။
အာဘွားအိုရဲ့မျက်ခုံးတွေကတွန့်ချိုးသွားသည်။
သူမစိတ်ပူသည်လေ ။ သူမရဲ့ သေးနုပ်နုပ်ဆိုင်ကလေးရှေ့မှာ အလွန်ဆုံးရှိ ၁၈နှစ်သာသာကလေးတစ်ယောက်ကချမ်းတုန်ကာအလုပ်တောင်း
နေပါရောလား။"အထဲ၀င်ခဲ့ကလေးရယ် ဖျားကုန်မယ်"
"ကျွန်တော်အလုပ်ကလေးများရနိုင်မလားဟင်?"
မေးပြီးသားမေးခွန်းကိုထပ်မေးလိုက်ပေမယ့်
ဒီတစ်ခါတော့အားငယ်မနေပါ။
အဘွားအိုကကြင်နာသည့်ပုံပေါက်သည်မို့လေ။"ဟုတ်ပြီကလေးရယ် အဘွားအလုပ်ပေးပါ့မယ်
တုန်ရီနေရောပဲ အထဲအရင်၀င်ခဲ့ပါ"
YOU ARE READING
This is How Mr. English Hunt My Heart(completed)
Fanfic"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား"