အရှင့်သားကတမှိုင်မှိုင်တထွေထွေ ။
သူမှသူငယ်ချင်းနဲ့တူတူထိမ်းမြှား
ခြင်းမင်္ဂလာပြုချင်လို့သူငယ်ချင်းကို ရှင်ထီး (ရှင်မဆို အမဖြစ်တာကြောင့် သူငယ်ချင်းကလင်ယူသွား၍ ရှင်ထီးဟုပြောင်းလဲခေါ်ဆို) ရှာပေးတာကို သူ့ထက်အရင်စောကာ သူ့ကိုကျော၍အရင်လက်ထပ်သွားသည်။သူ့သူငယ်ချင်းကတော့နွားပွဲစားလိုသဖြီးကြီးနဲ့ နေ့လည်ကတွေ့လိုက်ရပေမယ့်သူ့ကတော့
နွားခိုးခံရတဲ့လူကိုမှိုင်တိုင်တိုင်။မင်းတို့ကမဟုတ်သေးပါဘူးကွာ
အရင်လကမှ နန်းတွင်းထဲငိုသံကြီးနဲ့
မေတ္တာတွေငြင်းပယ်ခံရပါတော့မယ်တွေရော
ဖြစ်တာမို့ သူတောင် သေရည်တစ်အိုးချပြီး
ဆရာတူညီအကိုရေ အချစ်ဟာဒီသေရည်ထက်ခါးကြောင်း သေရည်ဆိုတဲ့နာမည်နဲ့အရည်တောင် အချစ်လောက်လူကိုမသတ်ကြောင်း အချစ်မရှိအပူမရှိပါ ဆိုတဲ့ခေါင်းစဥ်နဲ့ လူရှာကြေးစားကို တစ်ကိုယ်တော် အချစ်အကြောင်းဟောပြောပွဲတောင်ကောင်းကောင်းလုပ်ခဲ့သေးတာပါ။ဘယ့်နှယ်လွန်ခဲ့တဲ့ရက်အနည်းငယ်ကျမှ ကောက်ခါငင်ခါ မယ်မယ်နဲ့ခမည်းတော်ကိုအိမ်ထောင်ဦးစီးဖြစ်တော့မှာမို့လို့ အနားယူချင်ကြောင်း သူ့တိုင်းပြည်ကိုလဲ ခိုနဲ့ စာပို့ပြီးကြောင်းတွေ ဖွင့်အောချပြီး လင်ယူသွားရတာတုန်း။
မဟုတ်သေးပါဘူးကွာ
မဟုတ်တော့ပါဘူး။
သူငယ်ချင်းအတွက် ပျော်ပေးချင်ပေမယ့်လဲဒါမျိုးကြီးသပ်သပ်ကျောသွားတာတော့လက်မခံနိုင်လေ။"ခ၀ေးမသား!"
_____
" ဟက်ချိုး! ဟာကွာ ဒီနှာခေါင်းကလဲ"
ကွတ်ကီးတွေကိုစီရင်း နှာတွေကထထချေတာမို့ Bible ကစိတ်မရှည်တော့ပါ။
ဘယ်ကောင်ငါ့ကိုကြိမ်ဆဲနေတာလဲကွ!!"ယောင်္ကျား နေမကောင်းဘူးလား"
နဖူးပေါ်လာတင်တဲ့လက်နွေးနွေးကလေးကို
နဖူးကနေနှုတ်ခမ်းဆီဆွဲချပြီး လက်ဖမိုးအားနမ်းရှုံ့လိုက်သည်။"လူကတော့ကောင်းပါတယ် မင်းကိုဒီတစ်မနက်လုံးမတွေ့ရလို့ နှလုံးသားလေးကပဲဖျားချင်နေတာ"
YOU ARE READING
This is How Mr. English Hunt My Heart(completed)
Fanfiction"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား"