BooM! "
တစ်စုံတစ်ရာကနား အနားကိုကပ်ကာ လေသံတိုးတိိုးနဲ့လာခြောက်လှန့်တာမို့
အထိတ်တလန့်ဖြစ်ပြီး လက်ထဲကဖန်ခွက်ကိုလွှတ်ချမိလိုက်သည်။ပြန်ခုခံဖို့ပြင်လိုက်ပေမယ့် ဗိုက်ကိုနှိပ်ကာအသံတိတ်ရီနေတဲ့ wen နဲ့ Bibleကြောင့် မျက်စောင်းခပ်ကြီးကြီးသာထိုးလိုက်၏။
တကယ်တည်း ကလေးနဲ့ပေါင်းပြီးဘယ်လိုတောင်ကလေးဆန်ရတာလဲ။ ဒီဆိုင်ကိုခန
ခန၀င်ချည်ထွက်ချည်လုပ်လွန်းလို့ နဂိုထဲကမှသူရဲကောင်းကြီးပါဆိုပြီးမြှောက်စားချင်နေတဲ့ အဘွားနဲ့ဆိုင်ကလူတွေကြောင့် ဒီငနှဲက ဆိုင်ကိုတံခါးမရှိ ဓါးမရှိ၀င်ထွက်သွားလာနေသည်။နောက်ဆုံးသူ့ကိုခပ်တန်းတန်းဆက်ဆံတဲ့ wen နဲ့တောင်အဖွဲ့ကျပြီး build ကိုယခုလို
စနောက်တဲ့အထိအတင့်ရဲလာသည်။ပြန်စွာရင်လဲ သူကရှုံးနှိမ့်ရမည်မို့ ဖန်ကွဲစတွေကိုသိမ်းဖို့သာအရင်စီစဥ်လိုက်သည်။
ဖန်စကိုကိုင်တော့မည့်ဆဲဆဲ လက်ကိုလှမ်းဖမ်းကာဆုတ်ကိုင်လိုက်တဲ့လူကြောင့် အထိတ်တလန့်ပြန်ရုန်းလိုက်သည်။
"I'm sorry my pretty.ကိုယ်ရှင်းလိုက်မယ် ဖန်စတွေမင်းလက်ကိုထိကုန်မယ်ဆိုးလို့ "
"အဲ့လက်ကဓါးလုပ်တဲ့လက်"
Wen ကမသိမသာ သိသိသာသာဖြင့်
ဒါဓါးလုပ်တဲ့လက်ပါပေါ့ ဖန်စလောက်ကတော့စာမဖွဲ့လိုပါဘူးဆိုသည့်သဘောဖြင့် ၀င်ထောက်တော့ ၂ယောက်လုံးအိုးတို့အန်းတန်း။"အဟမ်းး စောနကဘာလုပ်နေတာလဲ"
အရှက်တရားကြောင့်နီကာပူလောင်နေတဲ့ဂုတ်ပိုးကိုလက်ဖ၀ါးကြမ်းကြမ်းနဲ့ပွတ်ကာ Bible ကစကားလမ်းကြောင်းလွှဲလိုက်သည်။"Buibui ကပျင်းတယ်ဆိုပြီး ဓါးထဲကိုပဲစေ့တွေထည့်နေတာ"
Bibleခြေထောက်မှာ တွဲဆော့ပြီး wen ကသူမေးတာကိုဖြေလာပေမယ့် ဒါကထူးဆန်းတဲ့ဖြေရှင်းချက်ပဲ။ဘယ်သူကဓါးမှာပဲစေ့တွေ
ထည့်မှာလဲ?"ပဲ..ပဲစေ့တွေထည့်တာမဟုတ်ပါဘူး စီးကွင့်လေးတွေထည့်ကြည့်နေတာ"
ကြမ်းပြင်ကိုငုံ့ကြည့်လိုက်တော့
စောစောကလန့်၍လွှတ်ချမိသောကြောင့်ပြန့်ကျဲနေတဲ့စီးကွင့်တွေကအရောင်စုံပဲ။
![](https://img.wattpad.com/cover/335071302-288-k199435.jpg)
YOU ARE READING
This is How Mr. English Hunt My Heart(completed)
Fanfiction"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား"