"သခင်မက bui နဲ့တွေ့ချင်လို့တဲ့"
"ဟမ်?"
Wen ကိုထမင်းခွံ့နေရင်းကနေ အရေးကြီးသတင်းကိုကြားလိုက်ရတော့ build ကိုယ့်နားကိုယ်တောင်မယုံနိုင်။
"အပြစ်..အပြစ်လုပ်မိလို့လား"
"No.. No.. No.. သူမကမင်းနဲ့တွေ့ချင်ယုံတင်ပါ"
တွေ့ချင်ယုံတင်ဆိုတော့ပိုပြီးထိတ်လန့်သွားသည်။အပြစ်လုပ်သည်ဆိုတာမှ သူအမှားကင်းကြောင်းကိုငြင်းဆန်ခုခံလို့ရသည်။
ခုဟာက တွေ့ချင်တာဆိုတော့ဘာလုပ်လို့ဘာကိုင်ရမလဲမသိ။အိုဘာဘဲဖြစ်ဖြစ် ငါ့မှာ Bible တစ်ယောက်လုံးရှိတာပဲ တစ်ခုခုဆိုကာကွယ်ပေးဖို့မျှော်လင့်လို့ရမှာပါဆိုပြီးတော့လဲ အားကိုးစိတ်ကတွေးမိသေးသည်။
"လက်ဆောင်ယူသွားရမလား? ဒါမှမဟုတ် cake ဆိုရင်ရော?"
Bible က buildရဲ့တုန်လှုပ်မှုကို ပုခုံးမှထိန်းချုပ်ကာ သေချာစူးစိုက်ကြည့်၍
"Just be there မင်းကိုပဲလိုတာ"
________
"Bible စိတ်လှုပ်ရှားလွန်းလို့အန်မိကုန်တော့မယ်ထင်တယ်"
Bibleက သူ့ကျောလေးကိုခပ်ဖွဖွပုတ်ပေးကာ
တုန်ရီနေတဲ့လက်တွေကိုဆုပ်ကိုင်ပေးထားသည်။"သူတို့မင်းကိုချစ်မှာ စိတ်မပူစမ်းနဲ့အချစ်ရယ်"
သူ့ဟာနဲ့သူတောင် အဆိုးရွားဆုံးဖြစ်နိုင်ချေတွေကို ဦးနှောက်ရဲ့ မကောင်းတဲ့အပိုင်းကတွေးတောနေတာမို့ build ကအမှတ်တမဲ့နာမ်စားကို သတိမထားမိလိုက်။
"သေချာပါတယ်နော်"
"အင်း I promise"
တချို့ကတိတွေက ကျိုးပျက်ဖို့အတွက်
ဖြစ်တည်လာသည်ဆိုသည့်ဆိုရိုးရှိပေမယ့်
သူသည်ဒီလူကိုတွေအကြွင်းမဲ့ယုံ၏။
ဘယ်လိုလုပ်မယုံပဲနေနိုင်မလဲ?
နူးနူးညံညံမျက်၀န်းတွေနဲ့ ပြုံးယောင်သန်းနေတဲ့နှုတ်ခမ်းပါးကရင်ကိုအေးစေသည်။
ကြမ်းရှရှလက်ဖ၀ါးနဲ့ ခပ်ကြည်ကြည်မျက်၀န်းတွေက စိတ်မလုံခြုံမှုကိုနွေးစေသည်။ ဤလူကိုပဲယုံကြည်လိုက်ရင်ဖြစ်လောက်ပါရဲ့။
YOU ARE READING
This is How Mr. English Hunt My Heart(completed)
Fiksi Penggemar"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား"