ရင်ဘတ်ကဒဏ်ရာကိုဂရုတစိုက် သန့်ရှင်းရေးလုပ်ပေးကာ ဆေးရွက်ရည်ကိုသေချာ
ထည့်ပေးနေရင်းကနေ အားပါသွားတော့ Bible ကတစ်ချက်ကျွတ်စုတ်လိုက်မိသည်။"အရမ်းနာနေလားခနလေးပဲသည်းခံ"
နှုတ်ခမ်းလေးစုလိုက်ချွန်လိုက်ဖြင့် လေအေးအေးလေးတွေကိုမှုတ်ပေးရင်း ဆေးဆက်ထည့်နေတဲ့လူကိုအသည်းတွေယားလာသည်။သူ့မေမေနဲ့သူ့ဖေဖေ ဘာတွေစားပြီးမွေးခဲ့လို့ဒီလောက်တောင်လှနိုင်ရတာလဲမသိဘူး။
အသက်ရှင်နေအုန်းမည်ဆိုရင် ဦးရီး ဒေါ်ဒေါ့်ကို ဘာတွေကျွေးပြီး မွေးခိုင်းခဲ့သလဲ ဆိုပြီးသွားကိုမေးအုန်းမည်။ ဒီယောက်ကျားအတော်ကိုလှ! ။"ပြီးပြီ"
သွေးအနည်းငယ်စွန်းနေတဲ့ ပိတ်စဖြူဖြူတွေကိုသိမ်းရင်း အခန်းပြင်ထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ရင်း အရှင်ကတော့ငေးကျန်ခဲ့သည်။ခုခြေနေက သူကလဲကျွန်တော့ကိုဘာမှမပြောဘူး ကျွန်တော်ကလဲဘာမှမလုပ်တက်ဘူး
ကျွန်တော်တို့ကဘာတွေမှန်းလဲမသိဘူး ဆိုတာကြီးမျိုးဖြစ်နေပြီလေ။ဒါပေမယ့် ဒဏ်ရာဒဏ်ချက်တွေကိုမြင်တော့
စိတ်ပူပေးနေတဲ့အရိပ်လေးတွေအတွေးထဲဖြတ်ပြေးသွားတော့လဲ ပြုံးမိတာပေါ့။
အသည်းအသက်လေးက သူ့အပေါ် အရေးစိုက်လာပြီး ဖာသိဖာသာမဟုတ်တော့ဘူးလေ။ပြောင်းလဲလာပြီဆိုတာသိသာသည်။"သက်သာလား" ဘယ်ချိန်ကအခန်းထဲရောက်နေမှန်းမသိ ခြေသံလုံလုံနဲ့ပြန်၀င်လာခဲ့ပုံပေါ်သည်။
"No it hurts နာတယ်"
"ဟင် သမားတော်သွားပင့်ပေးရမလား"
"The pain is in my heart. It is because I can't kiss your dimples"
အူတူတူအူလည်လည်ရုပ်ကလေးနဲ့ ဟမ်ကနဲခေါင်းစောင်းကြည့်လာတဲ့ကောင်ကလေးကိုလူရှာကြေးစားက အနားကိုတိုးလာရန်လက်ဟန်ခြေဟန်နဲ့ပြလိုက်သည်။
"နာတယ်လို့ ပါးချိုင့်လေးကို စတွေ့ကတည်းကအကြင်နာပေးချင်ပေမယ့် ခုချိန်ထိမျိုသိပ်ထားရတဲ့စိတ်ကသိကအောက်က
ရင်ဘတ်တွေအောင့်စေတယ်လို့"နား နားကိုကပ်ပြောရင်း စာကြောင်းအဆုံးမှာလေနဲ့နားရွက်ရဲရဲကိုမှုတ်လိုက်တာမို့ Build ကသူ့နားရွက်လေးတွေကိုကမန်းကတန်းအုပ်လိုက်မိသည်။
YOU ARE READING
This is How Mr. English Hunt My Heart(completed)
Fanfiction"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား"