သစ်သားခုံလေးတွေ ၄ခုံတွဲကာ သူတို့မှာယူထားတဲ့ cake ကိုစောင့်ရင်း ရွာထဲကအမျိုးသမီးတစ်စုကအရှင်နဲ့ သူ့ကြင်သူကိုခိုးကြည့်တလှည့်ပေါ်တင်ကြည့်တစ်လှည့်နဲ့ကွက်ကြည့်ကွက်ကြည့်။
"ပြန်လာရင် စိတ်ကြိုက်အကြင်နာပေးခိုင်းမှာလား"
"ကဲ လျှာကိုရှည်တယ် သွားစရာရှိတာသွားတာမဟုတ်ဘူး ခုလိုမလိုတာပြောနေတာအချိန်ပုတ်ပြီး နေမစောင်းခင်အိမ်ပြန်မရောက်ရင်
ထပ်နာမှာနော်!"ဗိုက်ခေါက်ကိုဆွဲလိမ်လိုက်မှ
"အ့ အ့ သွားပြီလို့ "
ဒီလောက်ထိချိန်းလားခြောက်လားလုပ်နေတာကို မသွားသေးပဲ ပါးနှစ်ဖက်ကိုလက်နဲ့ဖျစ်ညစ်ပြီး မွှေးကြူပြီးကာ ထွက်ပြေးသွားတော့သည်။
"ဂရုစိုက်သွားအုန်းနော်!! Wen အတွက်အချိုတွေ၀ယ်မလာခဲ့နဲ့အုန်း"
လက်၂ဖက်ကိုပြကာ တစ်ရိပ်ရိပ် ရွာအစပ်ကိုပြေးသွားသူကိုကြည့်ပြီး Build ကသက်ပြင်းသာချမိသည်။ အရှင်က လူကြီးခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့ကလေးလိုပဲ။ ခုထိထိန်းရတုန်း။
ဒီရက်ပိုင်း နိုင်ငံရပ်ခြား တိုင်းတပါးက
ကုန်ပစ္စည်းတွေအသစ်ရောက်တာမို့ Build တို့ပေါင်မုန့်ဆိုင်လေးအတွက် ပစ္စည်းအသစ်အဆန်းလေးတွေစမ်းကြည့်ချင်သည်။အရင်ကဆို ချောကလတ်အတုံးကြီးတွေကို
၀ယ်ယူကာ သူ့မှာကြိတ်ရချေရနဲ့ ။ကွက်ကီးထဲချောကလတ်အပိုင်းအစလေးတွေကကို
ထည့်ဖို့ဆိုရင်လဲ ချောကလတ်အတုံးကြီးဆီကနေ လှီးဖြတ်ကာ အသေးလေးတွေဖြစ်အောင်ပြန်တုံးရနဲ့ လက်၀င်သည်။ယခုတော့
Chocolate chips ဟုခေါ်သော ကြိတ်ချေပြီးသားချောကလတ်အသေးတုံးလေးတွေတင်သွင်းတာမို့ သူ့ဘက်ကိုအရမ်းအဆင်ပြေစေပြီးသက်သာစေတာမို့ ၀ယ်ကို၀ယ်ယူရမည်။နောက်ပြီး ရွာထဲက အခြားမုန့်ဆိုင်တွေက
တိုင်းတစ်ပါးစကားမတက်တာကြောင့်
စျေးညှိနှိုင်းရာတွင် ကြားထဲက ဘာသာပြန်သူကအလိမ်ကြီးလိမ်ကာ စျေးတွေမတန်တဆတောင်းသည်မို့ မ၀ယ်ကြတော့ Buildရဲ့ဆိုင်မှာဒါမျိုးလေးတွေနှင့်လုပ်ရောင်းလျှင် ရောင်းအားအရမ်းတက်နိုင်သည်။
YOU ARE READING
This is How Mr. English Hunt My Heart(completed)
Fanfiction"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား"