"ဒီလူကွာ ဒေါသကိုလာဆွနေတယ် ရိုက်လိုက်ရ"
"ရိုက်ရင်လဲခံပါ့မယ်"
သစ်သားအိမ်အသေးလေးထဲကထွက်လာတဲ့
ဆူဆူညံညံအသံကြောင့် အဘွားတို့တစ်သိုက်နဲ့မင်းသားကအပြင်မှာငုတ်တုတ်။ဘယ့်နှယ့် သူငယ်ချင်းအိမ် အလည်အစားသွားမှပဲ
အိမ်ထောင်ရေးအဆင်မပြေတဲ့ချိန်နဲ့တိုးရတယ်လို့။
ကြားသုံးကြားမ၀င်ကောင်းဘူးဆိုပေမယ့်
ခုအခြေနေကမဟန်တော့။လူရှာကြေးစားက အချစ်ကြီးသလိုအမြတ်လဲကြီးသည်။ အရင်ကတည်းက သူတန်ဖိုးထားတဲ့လူတွေအနားဆိုစိတ်သဘောထားက ပန်းပွင့်လေးလိုနုဖတ်နေပေမယ့် အခါအခွင့်မသင့်လို့ ဒေါသထွက်ရင်တော့ စုတ်ပြတ်သည်အထိ၀ုန်းဒိုင်းကြဲတက်လွန်းတာသူအသိပဲ။
ခုလဲ အ၀ေးကနေကြားနေရသလောက် ရိုက်မယ်နှက်မယ်ဖြစ်တာမို့ ပန်းပဲဆရာကိုတော့ စိတ်ပူမိသည်။
ဘယ်လိုအကြောင်းကြောင့်နဲ့ပဲဖြစ်သည်ဆိုပါစို့
လက်ပါတယ်ဆိုတာ အိမ်တွင်းအကြမ်းဖက်နှိပ်စက်မှုပဲလေ။ဒီလောက်ထိဖြစ်ရအောင်လဲ ပန်းပဲဆရာလေးက ဘယ်လောက်တောင်အပြစ်ကြူးလွန်နိုင်မှာလဲ။
Bible ဒီကောင်ဒေါသကြီးတာပဲနေမယ်။"ဘွား ကျုပ်၀င်သွားလိုက်ရမလား"
အဘွားကတော့ခေါင်းကို အသာရမ်းပြီး နန်းတွင်းထဲသာပြန်ဖို့ပြောလာသည်။ သိပ်တော့မကျေနပ်ပေမယ့်
လူကြီးစကားနားထောင်တာကောင်းပါတယ်ဆိုပြီး
ပြန်လာလိုက်သည်။ နောက်နေ့ကြမှတီးကြည့်ခေါက်ကြည့်ရမည်ပေါ့။_________
"Bro ဆင်ပြေသွားပြီလား ကြင်သူနဲ့"
နောက်နေ့စျေးထဲကို တိုင်းခန်းလှည့်လည်ရင်း။
အဟမ်း တိုင်းခန်းလှည့်လည်တာမျိုးတော့မဟုတ်ဘူးပေါ့နော်။ဖခမည်းတော်မသိအောင်
ဆောင်ကြာမြိုင်ကပြန်လာတာဆိုပေမဲ့လဲ
မင်းသားတစ်ယောက်လုံးစျေးပတ်နေမှတော့ တိုင်းခန်းလှည့်လည်တာပဲ။
အဲ့လိုလှည့်လည်ရင်းကနေ ပန်းသီးရွေးနေတဲ့ချစ်သူငယ်ချင်းကြီးနဲ့တည့်တည့်တိုးတော့ အကျိုးအကြောင်းမေးလိုက်သည်။
YOU ARE READING
This is How Mr. English Hunt My Heart(completed)
Fanfiction"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား"