ဟိုးရှေးရှေးတုန်းက....
မဟုတ်ဘူး တကယ်တော့ သိပ်မကြာသေးပါဘူး...
ကိုရီးယားနိုင်ငံဆိုးမြို့ကြီးထဲမှာ ဒိတ်ဒိတ်ကျဲ လူကုံထန်တွေမှတက်ကြတဲ့ Treasure အထက်တန်းကျောင်းကြီးရှိသတဲ့။ တစ်နေ့မှာ ကင်မ်ဂျွန်ဂယူလို့ခေါ်တဲ့ ရုပ်ချောချောနဲ့ကောင်လေးဟာ သူတက်ခဲ့တဲ့ကျောင်းဟောင်းက သူမှသူတန်းတန်းစွဲနေကြတဲ့ မိန်းကလေးတစ်စုကို သည်းခံနိုင်စွမ်းကုန်လွန်သွားပြီးနောက် Treasure ကျောင်းကို ပြောင်းလာခဲ့ရတော့သတဲ့။
အရင်ဘဝက ဘယ်လိုဆုတောင်းမှားခဲ့လဲမသိတဲ့ ကောင်လေး ကင်မ်ဂျွန်ဂယူဟာ Treasureကျောင်းဝန်းထဲ ခြေစချမိချင်းမှာပဲ မိန်းကလေးနှစ်ယောက်၏ ပိတ်တားခြင်း ခံလိုက်ရပြန်ပါတော့တယ်။
လူကုံထန်တွေဆိုတာဟာ အကြောက်အလန့်မရှိကြပါဘူး။ မိန်းကလေးနှစ်ယောက်ဟာ ဂျွန်ဂယူကို နံရံမှာပိတ်ညှပ်ထားပြီး တောက်ပရွှန်းလဲ့နေတဲ့ မျက်ဝန်းရွဲကြီးတွေနဲ့ အငမ်းမရကြည့်ရင်း မေးတယ်။
''နင့်မှာ ကောင်မလေးမရှိဘူးမလား?''
Junkyu စဉ်းစားတယ်။ ဒီဟာမလေးတွေကို ရိုက်လွှတ်လိုက်လို့ရပေမယ့် မိန်းကလေးတွေကိုရိုက်နှက်တာက ကောင်းတဲ့လုပ်ဆောင်ခြင်းတော့မဟုတ်ပေ။ ဒါပေမယ့် ကောင်မလေးမရှိဘူးလို့ အမှန်တိုင်းပြောလိုက်ရင်လဲ မျှော်လင့်ချက်ပေးသလိုဖြစ်နေမှာများလား? ရှိတယ်ပြောရင်လဲ မယုံကြမှာအသိသာကြီးလေ။ ရုပ်ချောရတာပင်ပန်းလိုက်တာ...
သူနဖူးကချွေးဆေးကို စိတ်မှန်းနဲ့သုတ်လိုက်တယ်။ လက်ကတော့မအားဘူး မုန့်ထုပ်ပိုက်ထားတယ်။ သူ ပတ်ဝန်းကျင်ကိုအကဲခတ်ရင်း ဘာလုပ်သင့်သလဲ ပြာယာခတ်နေတယ်။ အရင်ကျောင်းဟောင်းမှာ သူ့ကိုမိန်းကလေးလေးတွေ စိတ်ဓာတ်ကျလောက်အောင်ထိစွဲလန်းကြတယ်။ ဒီမှာထပ်ပြီး ဒါမျိုးဖြစ်လာရင် သူအသက်ရှင်ချင်စိတ်မရှိအောင်ဖြစ်လာလိမ့်မယ်။ အကြံအိုက်နေရင်း တောင်ကြည့်မြောက်ကြည့်နှင့် ကျောင်းဝန်းထဲဆိုင်ကယ်တစ်စီးနဲ့ ဝင်လာတဲ့ကောင်လေးတစ်ယောက်ကို သူမြင်လိုက်တယ်။ သူတို့က ဆိုင်ကယ်နဲ့ကားတွေထားတဲ့ရုံလေးထဲမှာဆိုတော့ ကောင်လေးကသေချာပေါက် သူတို့ဆီလာရမှာပဲ။ ဒါဆိုရင်တော့ ကယ်တင်ရှင်ပေါ်ပြီပေါ့...
YOU ARE READING
Easy {uni+zaw}(Completed)