ကင်မ်ဂျွန်ဂယူဆိုတာကလဲ ဘာကိုမှ သိပ်ပြီးအလေးအနက်ထားတတ်တဲ့သူမဟုတ်ပါဘူး။ ခဏလောက် ပြန်ပြေးချင်သလိုလို ထအော်ချင်သလိုလို ပြာယာခပ်ပြီးသွားတာနဲ့ ချက်ချင်းကြီး ပုံမှန်ပြန်ဖြစ်သွားတာပဲ။ သူက ဟာရူတိုကို မချိပြုံးလေးပြုံးပြလိုက်ပေမယ့် မကြာခင်က သတ်တော့မလိုဖြတ်တော့မလို စူးစိုက်ကြည့်နေတဲ့ မျက်လုံးတွေက စိတ်ပျက်သလိုအကြည့်လွှဲသွားတယ်!
double kill...!!
ဂျွန်ဂယူအနည်းငယ် တွန့်ဆုတ်ဆုတ်ဖြစ်သွားပြီးမှ ဟာရူတိုဘေးမှာ ငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်တယ်။ အဲ့ကောင်က သူဘေးမှာလာထိုင်ကတည်းက သူ့ဘက်ကို နည်းနည်းလေးတောင်စွေမကြည့်ဘူး။ အတိအကျဆိုရင် ဘယ်သူ့ကိုမှလဲ မကြည့်ဘူး။
သူတစ်လျှောက်လုံး အခန်းပြင်ကို ငေးနေတာ။ စာသင်တာလဲ ကြည့်မနေဘူး။ အဲ့တာက အဓိကအချက်ပေါ့။ ဆရာကလဲ သူ့ကို ဆူမနေဘူး။
အဲ့ဒီအချိန်မှာ ဆရာက မိန်းကလေးတစ်ယောက်ကို သင်္ချာတွက်ခိုင်းနေတယ်။ ကောင်မလေး မတွက်နိုင်ဘူး။ ဆရာက သူတို့ဆီကြည့်လာတယ်။ ဂျွန်ဂယူ့ နှလုံးက ရင်ဘတ်ထဲက ခုန်ထွက်မလိုဖြစ်သွားရတယ်။
ငါလေး ခုမှ ကျောင်းပြောင်းလာတာ အခုစာမေးခံရတော့မှာတော့ မဟုတ်ဘူးမလား...?!!
ဒါပေမယ့် ဆရာက သူ့ကိုကျော်သွားကာ ဟာရူတိုကို ပြုံးပြုံးကြီးနဲ့ကြည့်ပြီး ခေါ်လိုက်တယ်။ တကယ်ကြီး ပြုံးဖြီးပြနေတာဗျာ...
မျက်နှာကြီးကချိုအီပြီး ပုရွက်ဆိတ်တောင်တက်တော့မလိုပဲ။
ဆရာက ခေါ်တယ်...
"လာပါဦး ငါတို့ရဲ့နံပါတ်တစ် သခင်လေး ဟာရူတို...အတန်းဖော်ကို စာလေးကူတွက်ပေးလိုက်ပါဦး"
ဂျွန်ဂယူ့စိတ်ထဲ အတွေးများသွားတယ်။ နံပါတ်တစ်သခင်လေး! စာကူတွက်ပေးရမယ်?
သူကတွက်တတ်မှာမလို့လား?
အယ်...မနောက်ပါနဲ့...သူ ခုဏ ဘာစာမှလိုက်ကြည့်မနေဘူးလေ...
ငါအသိပဲ မငြင်းကြနဲ့...!
ဒါပေမယ့် ဟာရူတိုက တသတ်မတ်တည်း မပြောင်းလဲတဲ့ရုပ်တည်နဲ့ နေရာကထသွားတယ်။ ဆရာက ကောင်မလေးရဲ့လက်ထဲက မြေဖြူကိုယူပြီး သူ့ကိုပေးတယ်။ ဟာရူတိုက အဲ့မြေဖြူနဲ့ဆရာကိုလှည့်မကြည့်ဘဲ မြေဖြူအသစ်တစ်ချောင်းယူပြီး ဘောမှာ သူ့အလုပ်သူစလုပ်တယ်။ ကူတွက်ပေးတယ်ဆိုတာထက် သူ့ဘာသာပဲ တွက်နေတာ ကောင်မလေးကို ရှိတယ်တောင်မထင်တဲ့ပုံပဲ။ ကောင်မလေး တစ်ချိန်လုံးကုန်သလောက်နီးနီး အဖြေမရဖြစ်နေတဲ့ ခက်ခဲလွန်းတဲ့ပုစ္ဆာက မိနစ်ပိုင်းတိုလေးအတွင်းမှာ ရှင်းလင်းသပ်ရပ်စွာ အဖြေထွက်သွားခဲ့တယ်။
YOU ARE READING
Easy {uni+zaw}(Completed)