ဂျွန်ဂယူက ချွဲဟျွန်းဆော့နဲ့စကားတပြောပြောလုပ်နေချိန်မှာ ရုတ်တရက် သူတို့ရှေ့က စာပွဲကို တစ်စုံတစ်ယောက်၏စောင့်ကန်ခြင်း ခံလိုက်ရပေ၏။ ချွဲဟျွန်းဆော့က လန့်သွားကာ ဂျွန်ဂယူရဲ့ ပုခုံးကိုတင်းကနဲဆုပ်ကိုင်လိုက်မိပြီး ဂျွန်ဂယူရဲ့ ပါးစပ်ထဲက ခရင်းလေးက ဂွပ်ကနဲပြုတ်ကျသွားလေ၏။
ချွဲဟျွန်းဆော့က သူတို့ရှေ့ကလူကို မျက်လုံးအပြူးသားလေးနှင့်ကြည့်နေရင်း ထစ်အအ ခေါ်တယ်...
"ပတ်...ပတ်ဂျီဟွန်း...!"
ထို ပတ်ဂျီဟွန်းဆိုသည့်ကောင်လေးက ချစ်စရာကောင်းတဲ့ နှုတ်ခမ်းလုံးလုံးလေးတွေနဲ့ ကလေးလေးတစ်ယောက်နဲ့တူတယ်။ ဒါပေမယ့် သူ့မျက်ခုံးတွေက ရုပ်ကလေးနဲ့မလိုက်ဖက်အောင် တင်းကျုံ့နေလျှက် ချွဲဟွန်းဆော့ကို မီးဝင်းဝင်းတောက်နေအောင်ကြည့်တယ်။
"သူများအကြောင်းမသိဘဲ ဘာမှမပြောနဲ့...!"
သူက ခပ်တိုတို စကားတစ်ခွန်းကို ပြောပြီးသည်နှင့် သူတို့ရှေ့က လှည့်ထွက်သွားတယ်။ ဂျွန်ဂယူက ဂျီဟွန်းပြန်သွားသည်နှင့် သူ့ဘေးမှာ ကြက်သေသေနေသေးတဲ့ ချွဲဟျွန်းဆော့ကို နာနာလေးလှုပ်ကာ သတိပေးလိုကိတယ်။
"ရား...ရား....! သူ ဘာကိုပြောသွားတာလဲ?"
မေးလိုက်ပေမယ့် ဒါက ဟာရူတိုကိစ္စနဲ့ ပတ်သတ်နေမယ်လို့တော့ သူရိပ်မိတယ်။ ချွဲဟျွန်းဆော့က ခဏကြာမှ ခက်ခက်ခဲခဲနှင့် သတိဝင်လာပြီး ပြောတယ်။
"သူဒေါသထွက်သွားတာ..."
ဂျွန်ဂယူက နှာခေါင်းရှုံ့လိုက်ကာ ဆိုသည်။
"အပိုတွေ...သူဒေါသထွက်သွားတာတော့ ငါသိတယ်လေ..."
ချွဲဟျွန်းဆော့က ပြောသည်။
"အဲ့တာက ဘယ်ကစပြောရမလဲဆိုရင် အရင်တုန်းက ငါတို့ကျောင်းမှာ popular boy သုံးယောက်ရှိတယ်..."
ဂျွန်ဂယူက အထွန့်မတက်ဘဲ နားထောင်နေတာကြောင့် ချွဲဟွန်းဆော့က စကားဆက်လိုက်သည်။
"သူတို့က... ပထမတစ်ယောက်ကတော့ မင်းမှန်းမိမယ့်အတိုင်း ဟာရူတိုပေါ့...သူက ကျောင်းအုပ်သား သူဌေးပေါက်စအပြင် ရုပ်ကလဲအပြစ်ဆိုစရာမရှိအောင်ချောတယ်လေ...ပြီးတော့ သူက လူတိုင်းနဲ့မရင်းနှီးဘူး...ဒါပေမယ့် သူ့မှာအအရမ်းသွားအတူစားအတူ ရင်းနှီးတဲ့သူငယ်ချင်းနှစ်ယောက်ရှိသေးတယ်...သူတို့ကတော့ ကျန်သေးတဲ့ popular boy နှစ်ယောက်..."
YOU ARE READING
Easy {uni+zaw}(Completed)