"ကျွန်တော် ခေါ်တာ...!"
ဟာရူတိုရဲ့မျက်နှာက လုံးဝမျက်နှာသေနဲ့ ခပ်ပြတ်ပြတ် ကျယ်ကျယ်ပြောတယ်။
ဟုတ်တယ်လေ...အချိန်ကျော်မှ ထမင်းစားခန်းခိုးဝင်တာက ကင်မ်ဂျွန်ဂယူကဝင်ချင်လွန်းလို့မှမဟုတ်တာ...!
သူကဆွဲခေါ်ခဲ့တာ...!!
အပြစ်ပေးတော့ ကင်မ်ဂျွန်ဂယူကိုပဲ အပြစ်ပေးတာက တော်တော်ယုတ်မာကြတာလေ...!
ဂျွန်ဂယူက တစ်ချက်ပြုံးလျှက်ပြောသည်။
"ကျွန်တော် ဗိုက်ဆာလို့ပါ...အပြစ်ပေးလို့ရပါတယ်..."
ဟာရူတိုက ခုံအောက်မှာကွယ်နေတဲ့သူ့လက်ကို လှမ်းကိုင်တဲ့အခါ သူက ထိုလက်ကို "ဖတ် ဖတ်" ဆိုပြီး နှစ်ချက်လောက်အသာလေးရိုက်လိုက်ကာ မျက်တောင်လေးနှစ်ချက်ခပ်လျှက် စည်းကမ်းထိန်းသိမ်းရေးနဲ့ အတန်းပိုင်ကို မေးသည်။
"အပြစ်ဒဏ်က ဘာလဲဟင်...?"
စည်းကမ်းထိန်းသိမ်းရေးက မျက်ခုံးတစ်ချက်ပင့်ကာ ဟာရူတိုကိုမမြင်ချင်ယောင်ဆောင်ပြီး ပြောသည်။
"ဟုတ်ပြီ ... ညနေ အခန်းသန့်ရှင်းရေးလုပ်ရမယ်...!"
ဟမ်! တကယ်ကြီးလား...? ဒီတိုင်းတောင်းပန်စာပဲရေးရမှာမဟုတ်ဘူးလား...?
ဂျွန်ဂယူက အောက်နှုတ်ခမ်းလေးကိုက်ကာ ဟာရူတိုကို မျက်တောင်လေးခပ်ကြည့်ရင်း အကူအညီတောင်းသည်။ ဟာရူတိုက သူ့ကိုလက်ပိုက်ကာ မျက်ခုံးပင့်ကြည့်သည်။
သေချာတယ်...ဒီအကြည့်က "ဘယ်လိုလဲ...ရှည်ချင်ဦးလေ...အခုမှတော့ မကူညီချင်တော့ဘူး " ဆိုသည့်အကြည့်...!
ဂျွန်ဂယူကလဲ ဒါမျိုးဘယ်ရမလဲ ဟာရူတိုရဲ့မျက်နှာကို ပြန်ကြည့်ပစ်တာပေါ့...
"တောင်းပန်ပါတယ်ကွာ..."ဆိုတဲ့ အကြည့်နဲ့!
မင်းအဖေသိရင် ပြဿနာက ဘာမဟုတ်ဘဲ ကြီးသွားဦးမယ်လေကွာ... ငါက အလုပ်ရှုပ်မှာစိုးလို့ပြောမိတာကိုကွာ...
ညနေပိုင်းမှာ ဂျွန်ဂယူက သူတို့စာသင်ခန်းရဲ့ စာပွဲခုံတွေကို သုတ်နေပြီး သူ့နားမှာ နားကြပ်လေးတစ်ခုရှိနေကာ ခပ်တိုးတိုးသီချင်းညည်းနေတယ်။ သူက ကြမ်းကိုမတိုက်ခင် ရေမြုံ့တစ်ခုနဲ့ ပြတင်းပေါက် မှန်တွေကို သေချာလေးတိုက်နေတယ်။ သူက လေးငါးချက်ခန့် တိုက်ပြီးချိန်မှာ မှရေမြုံ့ကိုင်ထားသည့် လက်သွယ်သွယ်လေးတစ်ဖက်က သူ့ရဲ့မှန်တစ်ဖက်ခြမ်းမှာ လာကပ်တယ်။ ဂျွန်ဂယူက မျက်လုံးကိုလှန်ကြည့်လိုက်သည့်အခါ ခပ်ရေးရေးပြုံးနေသည့် ဟာရူတိုကိုမြင်ရသည်။ သူက မှန်တစ်ဖက်ခြမ်းမှာ တိုက်နေသည့် ဟာရူတိုကို မေးလိုက်သည်။
STAI LEGGENDO
Easy {uni+zaw}(Completed)