Episode (7)

288 55 55
                                    

ဟျွန်းဆော့နဲ့ ဂျီဟွန်းရဲ့ဆက်ဆံရေးကို ပြောရမယ်ဆိုရင် သူငယ်ချင်းလည်းမဟုတ်ဘူး။ မရင်းနှီးဘူးလားဆိုတော့ တော်တော်လေးရင်းနှီးတယ်။

အဲ...အဲ့တော့တည့်လည်းဆိုတော့ မတည့်ပြန်ဘူး။ အတန်းထဲမှာ ဟျွန်းဆော့တို့က စေ့စပ်သေချာပြီး တစ်ကျောင်းလုံးက အတင်းအဖျင်းမှန်သမျှကိုလဲ မသိတာမရှိသလောက်ရှားပြီး လူတိုင်းနဲ့လဲရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံတတ်တဲ့သူမျိုးဖြစ်တယ်။ ဂျီဟွန်းကတော့ ရိုးသားတယ်။ ဒါပေမယ့် သူများကိစ္စသိပ်စိတ်မဝင်စားတတ်သလို သူများအကြောင်း တစ်ယောက်တစ်ဆငိ့ပြောတာမျိုးတွေ မကြိုက်ဘူး။ ဒါပေမယ့် သူရယ် ဟာရူတိုရယ် သူ့ညီဖြစ်သူ ဂျောင်ဝူးရယ်အတူရှိခဲ့တုန်းက သူသဘောကျတဲ့မိန်းကလေးတစ်ယောက်အကြောင်း ချွဲဟျွန်းဆော့ကိုဖွင့်ပြောဖူးခဲ့တယ်။

ဟေ့...အများကြီးမတွေးနဲ့နော်။ အရင်က သဘောကျတာအခုမဟုတ်ဘူး... အခုပတ်ဂျီဟွန်းတို့စိတ်ဝင်စားတဲ့သူဆိုတာမရှိဘူး။ ဘာလာလာ အကုန်ငြင်းမှာပဲ...!!

ထားတော့...! ပြောချင်တာက သူလိုအပ်ချိန်တုန်းက ဟျွန်းဆော့ကတကယ်အသုံးဝင်တယ်။ မူလကတည်းက စေ့စပ်တဲ့သူမလို့ ဂျီဟွန်းက သူဘာအစားအစာကြိုက်တတ်လဲသိချင်ရင် သူက ဘယ်အချိန်မှာ ဘာစားတတ်တယ်အထိသိလာအောင် စူးစမ်းရှာဖွေမှုပြင်းထန်တယ်။ အဲ့ဒီတုန်းက ဂျီဟွန်းမှာ သူ့ညီကိုရော ဟာရူတိုကိုရော ထုတ်မပြောချင်တာမို့ သူ့အနားက ဟျွန်းဆော့ကိုဆွဲခေါ်ပြီး ဖွင့်ချလိုက်တယ်။ တကယ်တော့ ဒီမိန်းကလေးကို သူသဘောကျတယ် မကျဘူးဆိုတာကို သေချာမသိသေးတာမလို့ ဘယ်သူ့ကိုမှ မသိစေချင်တာဖြစ်တယ်။ ဟျွန်းဆော့ကတော့သူငယ်ချင်းမဟုတ်တာကြောင့် သူဖွင့်ပြောပြဖို့လွယ်ကူခဲ့တယ်။ အစကတော့ သူတို့သူငယ်ချင်းတွေမဟုတ်ပေမယ့်အတော်လေးရင်းနှီးပြီး ဟျွန်းဆော့ကလဲ သိပ်ကိုစေ့စပ်လွန်းပြီး အတော်လေး အသုံးဝင်ခဲ့တာပေါ့။ ဒါပေမယ့် တစ်ပတ်လောက်အကြာမှာပဲ ဟျွန်းဆော့ရဲ့စေ့စပ်သေချာမှုကြီးက အမှားကြီးကြီးလုပ်ချလိုက်တော့တာပဲ။

ဘာလို့ဆို တစ်ပတ်အကြာမှာ ထိုမိန်းကလေးအကြောင်း အားလုံးနီးပါးသိနေတဲ့ဟျွန်းဆော့ကို ထိုမိန်းကလေးက fall in loveသွားတော့တာပါပဲ။ အသေးစိတ်ကတော့ နောက်မှစမြှုံ့ပြန်ကြရင်ကောင်းမည်။ အတိုချုံ့ရလျှင်တော့ ဟျွန်းဆော့နဲ့ဂျီဟွန်းက အတန်းထဲမှာလဲ ဘေးကပ်ရက်ထိုင်ကြပြီး ရင်းနှီးဖူးတဲ့ အခဲမကျေဆက်ဆံရေး...!!

Easy {uni+zaw}(Completed)Where stories live. Discover now