"ရူတို..."
အစိုးမရတဲ့ မျက်ဝန်းတွေဟာ အသံလာရာသို့ လှည့်ကြည့်လာပါ၏။ ဂျွန်ဂယူက ဟာရူတိုနံဘေး၌ဝင်ထိုင်သည့်အခါ ဟာရူတိုက နေရာအနည်းငယ်ရွှေ့ပေးသည်။ မထင်မှတ်ဘဲတွေ့လိုက်ရ၍ အံ့ဩသည့်ပုံ့အနည်းငယ်တောင်မပြ။ ဘယ်လိုလုပ်ရောက်လာသလဲတောင် မမေးပါ။
"ဘာလုပ်နေတာလဲ?"
ဘာမှမေးမလာသည့် ဟာရူတိုကို သူကပဲစမေးလိုက်ပါ၏။ သို့သော် ဟာရူတိုက ပြန်မေးလာ၏။
"အစ်ကိုကရော ဘာလို့ ဟိုမှာ အကြာကြီးရပ်နေတာလဲ...?"
မကြာခင်က သူဟာရူတိုကိုရပ်ကြည့်နေသည့်နေရာသို့ ဟာရူတိုက မေးဆတ်ပြသည်။
"မင်း သိတာလား...?"
ဟာရူတိုက ခေါင်းညိတ်သည်။
"ဟိုနှစ်ယောက်ရော...!"
ဟ...! အဲ့တာလဲ သိတာပဲလား...?!
"အမ်...ရန်ဖြစ်ရင်း ကျန်ခဲ့တယ်..."
"ဪ...! ကျွန်တော်က လေညင်းခံတာ..."
"ဟုတ်လား...?"
ထို့နောက် နှစ်ယောက်သား အကြောင်းပြချက်မရှိ တိတ်ဆိတ်သွားကြပေ၏။ ခဏကြာတော့မှ ဟာရူတိုဆီမှ ရယ်သံသဲ့သဲ့ ထွက်လာပေ၏။
"အစ်ကိုတွေးနေတာတွေ မဟုတ်ဘူးနော်...!"
ဂျွန်ဂယူမှာ ဘာမှကိုမပြောနိုင်တော့ပေ။
နေပါဦး သူ့ဘာသာ IQ 180 ကျော်တဲ့ ထူးချွန်ကျောင်းသားဖြစ်တိုင်း သူဘာတွေးနေတယ်ကအစ သိနေစရာလိုလို့လား...?
သကြားမင်းလဲ မဟုတ်ဘဲနဲ့...! နေပါဦး သကြားမင်းတောင် သိမှာမဟုတ်တာကြီး...!!
ဟာရူတိုက သူ့လက်ကို ဖြတ်ကနဲ လာကိုင်သည့်အခါ သူမျက်တောင်နှစ်ချက်ခပ်၍ ပြန်ကြည့်မိသည်။ ထို့နောက် ရှေ့သို့ပြန်၍ အကြည့်ပို့လျှင် ဟာရူတိုသည် သူ့မေးဖျားအား ညင်သာစွာ ဆုပ်ကိုင်၍ သူ့အားကြည့်စေ၏။
"အစ်ကို့ကို ကျွန်တော် သဘောကျနေတာများလား...?"
ဒါက သူ့ကိုယ်သူမေးရမှာလေ...! ဘာကိစ္စ ငါလေးကိုလာမေးနေတာတုန်း..! သူ့ကိုဖြင့် မထင်ရင်မထင်သလို လာလာနမ်းနေပြီးတော့...ဘာတွေဖြစ်စေချင်နေတာလဲ...! အေး မင်း ငါ့ကိုသဘောကျနေတာဟေ့ လို့ ပြောပစ်လိုက်ရ...!
တစ်ဘဝလုံး တာဝန်ယူနေရဦးမယ်...!!!
VOCÊ ESTÁ LENDO
Easy {uni+zaw}(Completed)