ဟာရူတိုက ဂျွန်ဂယူကို ချီထားလျှက်ပင်မျက်တောင်မခပ်ကြည့်နေရင်းဆိုသည်။
"ပထမဆုံးနေ့က ကျွန်တော့်ဆီကယူသွားတဲ့ ပထမဆုံးအနမ်းအကြောင်း ပြန်ပြောချင်လား ကိုကို..."
ဂျွန်ဂယူရဲ့ နှလုံးသားလေးဟာ အပြင်ခုန်ထွက်သွားသလို ခံစားလိုက်ရသည်။ ဟာရူတိုက သူ့မေ့ဖျားလေးကို ဖြတ်ကနဲနမ်းကာ သူ့မေးခွန်းကို ပြန်ရည်ညွှန်းသည့်အနေနှင့် "ဟင်...!?" ဟု လေသံကလေးဖြင့် ထပ်မေးသည်။
ဂျွန်ဂယူကတော့ တကယ်ကိုပြာယာခပ်နေပြီး လှုပ်လဲမလှုပ်ရဲ စကားလဲမပြောရဲသလို အသက်ပင်ရဲရဲမရှူရဲပေ။ ဟာရူတိုက သူ့ကိုချီထားရင်း အနည်းငယ်မြှောက်လိုက်သည့်အခါ ဂျွန်ဂယူမှာ ပို၍ပင် မျက်လုံးပြူးလာရတော့သည်။
"ဘာ ဘာကို ပြောမလို့လဲ...!"
ဟာရူတိုက မျက်ခုံးပင့်ထားလျှက်
"အာ...အဲ့တုန်းက အကြွေးကို အခုပြန်ယူလိုက်ရင်ကောင်းမလား...?"
အပိုတွေနော်...မင်းရဲ့ မထင်မထင်သလို ထထနမ်းနေတာကိုရော မင်းဆီက ဘာပြန်ယူလို့ရမှာလဲ...?
ဟာရူတိုက တစ်ချက်ရယ်သည်။ သူနဲ့သိလာတဲ့တစ်လျှောက်လုံး ဤတစ်ခေါက်လောက် စိတ်ရင်းပါပါရယ်တာမျိုး သူမတွေ့ဖူးခဲ့တာကြောင့် ခဏတာငေးကနဲဖြစ်သွားရပြန်သည်။ ဟာရူတို ရယ်ရင် တကယ်ချစ်စရာကောင်းသည်။ အမြဲတမ်းလို ငါးခူပြုံးကြီးနဲ့က မချောတာမဟုတ်ပေမယ့် ကြက်သီးထစရာကြီးလေ။ အခုလို ရယ်လိုက်တော့လဲ ကလေးလေးလိုပါပဲလား...?
ဟာရူတိုက သူထင်သလိုတော့ ဆိုးရွားတဲ့ကလေးမဟုတ်ပါဘူး။ သူ့ဖို့ပဲသူကြည့်တတ်တဲ့သူမဟုတ်ဘူးလေ။ အဲ့ကလေးမျှမျှတတဖြစ်အောင် ပြောလာတယ်။
"ကိုကို ကျွန်တော့်ကို နမ်းသွားတာအတွက် အခုပြန်နမ်းမယ်...ကျွန်တော့်အိမ်မှာတစ်ခါ အခုတစ်ခါနမ်းတာအတွက် ကိုကိုက ကျွန်တော့်ကို နှစ်ခါပြန်နမ်းလေ...ဘယ်လိုလဲ...?"
သောက်ရမ်းတွေ သိတတ်နေတာ.... သူသောက်ရမ်းတွေ သိတတ်နေတာတွေ့လား.... အရမ်း အရမ်းကိုမျှတလွန်းလို့ နှုတ်ခမ်းတွေရော ခေါင်းတွေပါကျိမ်းလာတယ်နော် တကယ်...!!
YOU ARE READING
Easy {uni+zaw}(Completed)