နေ့တစ်ဝက်ကျော်ကျော်နီးပါး ဟာရူတိုနောက်မှာ ခဏခဏမြင်နေရတဲ့ ကောင်လေးဟာ နေ့လည် ၂နာရီကျော်လောက်စ၍ ထပ်မံပေါ်လာခြင်းမရှိတော့ချေ။ ဂျီဟွန်းက ဟျွန်းဆော့ရဲ့ ခေါင်းကိုရွယ်လိုက်ပေမယ့် အထာနပ်နေပြီဖြစ်တဲ့ ဟျွန်းဆော့က အသာယိမ်းရှောင်ရင်း ဟန်တစ်လုံးပန်တစ်လုံးနဲ့ ခြေတစ်ဖက်ကိုစည်းချက်ချရင်း လက်ပိုက်နေတယ်။
"ငါ့ကို သဲအိတ်မှတ်လို့ လာလာရိုက်တာလား...?"
ဂျီဟွန်းက ဒေါသအိုးပါ။ ဒါပေမယ့် ဟျွန်းဆော့က အရင်ကလို သူ့ကိုကြောက်တဲ့မပြဘဲ ခံပြောလာတာမလို့လားဘဲ ခဏတာ မလှုပ်ရဲဘဲ ငြိမ်ကျသွားတယ်။ ဟျွန်းဆော့က ဆက်ပြောသည်။
"စကားပြောချင် ကောင်းကောင်းပြောကွာ...လက်မပါနဲ့ ငါလက်ပြန်ပါရင် မင်းနာမှာ ငါကစိတ်လျှော့ထားတာရယ်..."
ဂျီဟွန်း အစကတော့ ခဏတာငြိမ်သွားမိတာအမှန်ပါပဲ။ ဒါပေမယ့် ဘယ်လိုပဲကြည့်ကြည့် မိုက်ချင်ယောင်ဆောင်နေတဲ့ ဟျွန်းဆော့ဆိုတဲ့ကောင်လေးက သူနဲ့ယှဉ်ရင် သေးသေးလေးဆိုတော့ကာ...
ဆူးတွေကားပြီး မာန်ဖြီပြနေတဲ့ ဖြူကောင်ပေါက်လေးလိုပဲ...
နည်းနည်းမှ ကြောက်ဖို့ကောင်းမနေတာ သူ့ကိုယ်သူတော့ သိမယ်မထင်ဘူး...။ အဟမ်း...! နည်းနည်းတောင် ချစ်ဖို့ကောင်းနေသလိုလို...အဟမ်း အဟမ်း...!
သူ့အတွေးကို ဘယ်သူမှမကြားပေမယ့် ဂျီဟွန်းက သူ့ဘာသာပဲ စိတ်ထဲကနေ သူ့အတွေးကို ချောင်းဟန့်ရင်း ဟန့်တားနေလိုက်တယ်။
ဆက်ပြောရင် စာဖတ်နေတဲ့ faလေးတွေ ငိုကုန်မှာစိုးလို့တဲ့...!
ထားပါတော့...! ဒါနဲ့...
ဂျီဟွန်းက စကားအကောင်းပြောစေချင်နေတဲ့ ဖြူကောင်ပေါက်လေး အဲလေ ဟျွန်းဆော့ကို စကားအကောင်းပြန်ပြောလိုက်ပါတယ်။
"အင်းပါ...ငါက မင်းအတွေးလွန်ပြီလို့ မင်းပြောတဲ့တစ်ယောက်ပေါ်နလာတော့ဘူး...!"
ဟျွန်းဆော့က ဆေးရောင်စုံတွေနဲ့ သူ့ဆံပင်ကို တစ်ချက်သပ်ပြီး ပြောလာသည်။
"ငါတို့ကိုမြင်လို့ လက်လျှော့လိုက်တာလဲဖြစ်ချင်ဖြစ်မှာပေါ့...! ငါပြောပြမယ် ခုဏအဲ့ကောင်က လူကောင်းပုံလုံးဝမပေါက်ဘူး..."
![](https://img.wattpad.com/cover/336223384-288-k414437.jpg)
ESTÁS LEYENDO
Easy {uni+zaw}(Completed)