ဆရာက ဘာမှမပြောရသေးခင် ဂျွန်ဂယူရဲ့ ကိုယ်က တင်းကနဲခံစားလိုက်ရပေ၏။ ဟာရူတိုက ဂျွန်ဂယူကို သူ့ရဲ့ရှည်သွယ်လှတဲ့လက်တွေနဲ့ သူနှင့်ပူးကပ်သွားအောင်ဆွဲဖက်လိုက်ကာ ခပ်တည်တည်နှင့်ဆိုသည်။
"ကျွန်တော်ဂင်မ်ဂျွန်ဂယူနဲ့ပဲ အတူနေမယ်..."
ဆရာက ဂျွန်ဂယူကိုလှည့်ကြည့်လာပြီး ဂျွန်ဂယူက မျက်တောင်လေးနှသ်ချက်ခပ်ကာ သူ့ကိုတင်းနေအောင်ဖက်ထားသည့် ဟာရူတိုကို မျက်လုံးအပြူးသားလေးနှင့်လှည့်ကြည့်လာသည်။ ဟာရူတိုက သူ့ကို ဝါးမစားရုံတမယ် ပြန်စိုက်ကြည့်ရင်း အကျယ်ကြီးမဟုတ်သော်ငြား ရှင်းလင်းပြတ်သားလှသည့်အသံနှင့်ဆက်ပြောလာသည်။
"ကျွန်တော် သူ့ကိုသဘောကျတယ်..."
''ဂွိ...!" *ဂျွန်ဂယူဆီမှ တံတွေးမြိုချသံ*
ဂျွန်ဂယူ စိတ်ထဲကနေ ကမ္ဘာပျက်မတတ်အော်ဟစ်နေသည်။
*ကယ်ပါ... ကယ်ပါ ဆရာကယ်ပါ! ဆရာမကယ်မှ အဆက်ပြေမယ့် ဘဝလေးပါ...သောက်ကျိုးနည်း ဒီအကြည့်က သဘောကျလို့ကြည့်တဲ့အကြည့်နဲ့နည်းနည်းမှ မတူနေဘူး...အတိအကျပြောရရင် "မင်းတော့သေပြီမှတ်" ဆိုတဲ့ အကြည့်နဲ့မှ ပိုတူနေတာလေ...*
ဟာရူတိုက ငါးခူပြုံးကြီးပြုံးပြီး ရှေ့ပြန်လှည့်သွားကာ ဆရာ့ရဲ့ဆုံးဖြတ်ချက်ကို စောင့်နေသည်။ အမှန်တကယ်တော့ သူ့အကြည့်က "ကျွန်တော်သူနဲ့အတူထိုင်ပါရစေ"ဟု တောင်းဆိုသည့်အကြည့်ထက် "ကျွန်တော်သူနဲ့အတူ ထိုင်ကိုထိုင်မှာ ငြင်းရဲငြင်းကြည့်"ဟူသည့် ခြိမ်းခြောက်သည့်အကြည့်နှင့်ပိုတူပေ၏။ ဆရာက ပြုံးပြုံးကလေးနှင့် ဂျွန်ဂယူကိုကြည့်လာသည်မို့ ဂျွန်ဂယူရဲ့ မျှော်လင့်ချက်များတောက်ပနေသည့် မျက်လုံးကလေးများတဖျတ်ဖျတ်တောက်ပလာတော့သည်။ ဆရာက သူ့ကိုပြုံးပြုံလေးကြည့်နေရင်းပင် ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ရှာပေ၏။
"ဟာရူတိုနဲ့ အတူထိုင်လိုက်ပါ..."
အိုကေ...ကျေးဇူးပဲ!
*နေဦး! ဒါကြီးက မဟုတ်သေးဘူးလေကွာ...ဒီကအချောအလှလေးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရမှာလေ...ဘယ်နှယ့်လုပ် ငါ့ကိုပြုံးကြည့်ပြီး ဟာရူတိုပြောတဲ့စကားကိုလက်ခံလိုက်ရတာတုန်း!!"
YOU ARE READING
Easy {uni+zaw}(Completed)