နောက်တစ်နေ့မှာလဲ ဂျွန်ဂယူရဲ့ တက်ကြွတဲ့ခြေလှမ်းတွေဟာ အခန်းရဲ့နောက်ဆုံးတန်းမှာ လက်ပိုက်လျှက် သူ့ကိုလှမ်းကြည့်နေသည့် ဟာရူတိုကြောင့် မသိစိတ်အရ အကြည့်ချင်းတစ်ချက်ဆုံမိသွားသည်နှင့် လွယ်အိတ်ကြိုးကို တင်းကနဲဆုပ်ကိုင်လိုက်မိပြီး နောက်ကြောင်းပြန်လှည့်ကာ canteenဘက်သို့ ခြေလှမ်းကိုဦးတည်လိုက်သည်။
နေဦးလေ...နေပါဦး...ငါက ဘာလို့နောက်ပြန်လှည့်လာတာလဲ? ပြီးရင်လဲ ဒီမျက်နှာကြီးနဲ့ မျက်နှာချင်းဆိုင်ရမှာလေ...ဘာလို့ရှောင်နေမှာလဲ...??
ဒါပေမယ့် သူက မရှောင်ဘူး မရှောင်ဘူး မရှောင်ဘူး...ရင်ဆိုင်မယ် ရင်ဆိုင်မယ် ရင်ဆိုင်မယ် တွေးရင်းပင် canteenသို့ရောက်လာတော့သည်။
''ဘာဖြစ်ဖြစ် စာသင်ချိန်လေးပဲတွေ့ရတာက အားလပ်ချိန်ကြီးပါ မျက်နှာချင်းဆိုင်နေရတာထက် သာပါသေးတယ်လေ...''
ဂျွန်ဂယူက သူ့ဘာသာ စိတ်ပြေရာပြေကြောင်းတွေးလိုက်တယ်။
ကြောက်လို့မဟုတ်ဘူးနော်...ငါလေးက လူရှုပ်တွေနဲ့မရင်းနှီးချင်လို့...!
ဂျွန်ဂယူက ခုံတစ်ခုမှာဝင်ထိုင်လိုက်သည်နှင့် ဘယ်ကနေဘွားကနဲပေါ်လာမှန်းမသိတဲ့ ကောင်မလေး ၄ ၅ ယောက်နဲ့ဝိုင်းကပြည့်သွားလေ၏။
ထိုကောင်မလေးတွေရဲ့ တလဲ့လဲ့တောက်ပနေတဲ့ အငမ်းမရအကြည့်အချို့ကို မြင်လိုက်ရသည့် ဂျွန်ဂယူမှာ တံတွေးမြိုချမိပြန်တော့သည်။
''မောင်လေးက ကျောင်းသားသစ်လေးမလား? မမတို့က စီနီယာတန်းကလေ...အကူအညီလိုရင် မမတို့ကိုပြောလို့ရတယ်...ဖုန်းနံပါတ်လေး ပေးပါလား?''
ဂျွန်ဂယူက မျက်တောင်နှစ်ချက်ခန့်ခပ်လိုက်ကာ တစ်ခုခုကို အကြံထုတ်နေချိန် ဟျွန်းဆော့ကိုတွေ့လိုက်ရသည့် သူ့အဖို့ အသက်ကယ်ဆေးရလိုက်သလိုပဲ။ ဟျွန်းဆော့က သူ့ဘေးနားရောက်လာကာ အံဩတကြီးမေးသည်။
''မင်းက ကျောင်းသားသစ်ဖြစ်ပေမယ့် ရင်းနှီးတဲ့သူများသားပဲ...''
ဘယ်ကလာ ရင်းနှီးရမှာတုန်း...? ငါ့ရုပ်က ဒီအစ်မကြီးတွေနဲ့ လုံးဝရင်းနှီးပြီး ပျော်ရွှင်နေတဲ့ရုပ်လားကွ...သေချာကြည့်စမ်းပါ...လူကဲခတ်ညံ့လှချည်လား?
![](https://img.wattpad.com/cover/336223384-288-k414437.jpg)
KAMU SEDANG MEMBACA
Easy {uni+zaw}(Completed)