ဟာရူတိုက helmet လေးကို ဂျွန်ဂယူဆီပစ်ပေးလာတာမလို့ ဂျွန်ဂယူဖမ်းလိုက်ပြီး ကြောင်ကြည့်နေလိုက်တယ်။ ဟာရူတိုက သူ့ရဲ့ဆိုင်ကယ်ပေါ်မှာ ခွထိုင်ထားပြီး သူ့ရဲ့ လက်ချောင်းသေးသေးသွယ်သွယ်ဖြူဖြူလေးတွေက ဆိုင်ကယ်ဂိုက်အနက်ရောင်ပေါ်မှာ ထင်းလင်းစွာ လှပနေပြီး အနက်ရောင်လည်သာ ဂျင်းအနက်နဲ့ သူ့ခန္ဓာကိုယ် ပိန်ပိန်းပါးပါးလေးကတော့ အဖြူရောင်ဆိုင်ကယ်ပေါ်မှာ တင့်တယ်စွာ လိုက်ဖက်လွန်းတယ်။ ဟာရူတိုက ရုတ်တရက် ဆိုင်ကယ်ပေါ်က ပြန်ဆင်းလာမှပဲ ဂျွန်ဂယူမှာ သတိပြန်လည်လာတယ်။
ဝန်ခံပါတယ်။ ဟာရူတိုက သေလောက်အောင်ချောတယ်။ အဟမ်း...အရင်ကလဲ ခဏခဏ အဲ့လိုတွေးဖူးပေမယ့်ကွာ အခုက တော်တော်လေးကို ကြည့်ကောင်းနေလို့ကွာ...
ပြောရရင် ကျောင်းဆင်းပြီး သန့်ရှင်းရေးလုပ်ထားရတဲ့ ယောက်ျားတစ်ယောက်က ရေမချိုးရသေးတာတောင် ဒီလောက်ချောနေစရာမလိုဘူးလေကွာ...!
ဟုတ်တယ်မလား။ ငါလေး မနာလိုဖြစ်မိတယ်။
"ကိုကိုကြည့်လို့ဝရင် အိမ်ပြန်ကြမယ်နော်...!"
"မဝပါဘူး !"
ဂျွန်ဂယူက ဒေါသတကြီးပြောလာတာကြောင့် ဟာရူတိုက လက်ကလေးပိုက်ကာ ဆိုင်ကယ်ကိုမှီလိုက်ရင်း ခေါင်းလေးစောင်းကာ ပြုံးသည်။
"အိုး...ရပါတယ် မဝရင်လဲ ကြည့်ပါ...!"
ဂျွန်ဂယူက အင်း ဆိုပြီး ဟာရူတိုအနားလာရပ်တာကြောင့် ဟာရူတိုကမေးသည်။
"ဟင်...? မကြည့်တော့ဘူးလား...? အနီးကပ်ကြည့်ချင်လို့လား...?"
ဂျွန်ဂယူက တွေကနဲ စဉ်းစားပြီးမှ သူတစ်ခုခုကို သတိထားမိသွားတယ်။ ခုဏ သူက မကြည့်ပါဘူးလို့ ပြောလိုက်တယ်ထင်ပေမယ့် မနာလိုတာနဲ့ရောပြီး စိတ်တိုသွားလို့ (ကြည့်လို့)မဝဘူး လို့ ပြောမိသွားတာပဲ။
ဘုရားစူး...။ စိတ်ထဲရှိတာတွေ မှားပြောတာမဟုတ်ဘူး စိတ်တိုနေလို့ စကားမှားတာ...တကယ်!
ဂျွန်ဂယူက ဆိုင်ကယ်ကိုမှီနေတဲ့ ဟာရူတိုကိုဆွဲပြီး ရှေ့လှည့်ပေးလိုက်တယ်။
"သွား သွား... မှားပြောမိတာကို အကျလိုက်ကောက်မနေနဲ့ နေနည်းနေပြီ...ပြန်ကြမယ်..."
YOU ARE READING
Easy {uni+zaw}(Completed)