Episode (23)

184 29 4
                                    

ကားဆရာက ဆုံးဖြတ်ချက်တိတိကျကျရသည်နှင့် ကာကိုစတင်မောင်းပေ၏။ သို့သော် သူတို့ရှေ့က ဆိုင်ကယ်တစ်စုမှာ သူတို့ကားထက်ပင် အရှိန်ပြင်းနေတာကြောင့် ဟျွန်းဆော့မှာ လိုက်နေရင်းဖြင့် ရင်တမမ...!

သူ့ရဲ့နှစ်ယောက်မရှိတဲ့ သူငယ်ချင်းလေး ဂျွန်ဂယူသာ လွင့်ကျခဲ့ရင် ရင်တွေဘာတွေကျိုးရချည်ရဲ့....!

သူတို့ ၁၅မိနစ်ခန့်အကြမ်းပတမ်း ပြေးလွှားခဲ့ကြပြီး နောက်ဆုံး၌မူ ဟာရူတိုက သူ့ဆိုင်ကယ်ကို ရပ်လိုက်သည်နှင့် သူတို့အားလုံး ဆိုင်ကယ်တွေရော ကားပါ ရပ်တန့်လို့သွားကြသည်။ ဟာရူတို ဆိုင်ကယ်ရပ်လိုက်သည်နှင့် ဂျွန်ဂယူက အမြန်ပင်ခုန်ဆင်းလိုက်ပေ၏။ ဟာရူတိုက သူ့ရဲ့ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်ချိန်မှာ ဆယ့်ခြောက်ခေါက်ချိုး မျက်နှာထားနှင့် မျက်ခုံးနှစ်ဖက်က ထိလုမတတ်ကြုံ့နေပ၏။ ဂျွန်ဂယူသည် မေ့လုနီးပါးဖြစ်နေသည့် သူဟာရူတိုကိုစတွေ့ခါစက မျက်နှာကို သတိရမိသည်။

ထိုသို့သော ရေခဲရိုက်သည့် မျက်နှာထားဖြင့်ပင် ဒီကောင်လေးဟာ ချောဆဲ ခန့်ဆဲပင်။

အဘယ်ဘဝက ကုသိုလ်ကံတွေများပါလိမ့်...!

ဟာရူတိုဆိုင်ကယ်ရပ်လိုက်သည်နှင့် နောက်ကလိုက်လာသည့် ဆိုင်ကယ်လေးငါးစီးပေါ်မှ လူ‌၈ယောက်ခန့်က အခွင့်ရသလာက်ပင် ဟာရူတိုထံ ပြေးဝင်လာပေ၏။

ဂျွန်ဂယူမှာ ဘာလုပ်ရမှန်းမသိဘဲ ဆိုင်ကယ်ဦးထုပ်လေး လက်နှစ်ဖက်ဖြင့်ကိုင်ကာ မျက်တောင်လေး ပုတ်ခပ် ပုတ်ခပ်ဖြစ်နေချိန်မှာပင် ဘယ်တုန်းက ပါလာမှန်းမသိသည့် ဂျီဟွန်းနှင့် ဟျွန်းဆော့ကပါ ဝင်ချနေပြီဖြစ်ကြောင်း မြင်လိုက်ရပေ၏။

နေကြဦးလေ...! ခဏလောက် အေးဆေးစကားလေးပြောကြပါလားကွာ...?!

အခု ဘာပြဿနာကြောင့် ချနေကြတာလဲလို့ ငါလေးသဘောမပေါက်နိုင်သေးဘူးဖြစ်နေတယ်လေကွာ...!

သို့သော် လူအများနှင့် အနည်းချနေကြတဲ့နေရာမှာ လူစွမ်းကောင်းတွေလဲ တစ်ယောက်မှမပါတာကြောင့် လူများသည့်ဘက်က အနိုင်ရနေသည်မှာ သဘာဝပင်ဖြစ်ပေ၏။

Easy {uni+zaw}(Completed)Where stories live. Discover now