Episode (22)

199 30 2
                                    

ဟာရူတို နဲ့ ဂျွန်ဂယူတို့ ထားခဲ့သလား မေ့ခဲ့သလား မသိသည့် နှစ်ယောက်သားမှာ သုံးမိနစ်ခန့် ကျောက်ရုပ်ဖြစ်နေပြီးမှ ပတ်ဂျီဟွန်းက အရင်သတိဝင်လာပေ၏။ ခုထိ အလေးအနက်ရုပ်ကြီးနဲ့ မလှုပ်မယှက်ရပ်နေသည့် ဟျွန်းဆော့ကို သတိဝင်ရန် ခေါင်းကိုရိုက်ပြီး သတိပေးမည်အပြု ဟျွန်းဆော့က သူ့နောက်စေ့ကို အရင်ဖြန်းကနဲလာရိုက်ပေ၏။

မျက်နှာကြီး မည်းသွားသည့် ဂျီဟွန်းကို ဟျွန်းဆာ့က သိပ်အရေးမလုပ်ပေ။ အစကတော့ ဂျီဟွန်းရဲ့ ပြူးတူးပြဲတဲပုံစံက သူ့ကိုအနည်းငယ်လန့်စေတာမှန်သော်လည်း အခုတော့ သူကျင့်သားရသွားပေပြီ။ တကယ်တော့ ဂျီဟွန်းဆီက လက်ရွယ်တာနဲ့ သူကအရင်ဦးအောင်ရိုက်ဖြစ်သည်။

ကြာလာလေလေ ဂျီဟွန်းဟာ သူထင်သလောက်ကြောက်စရာမဟုတ်တော့ပေ။

ဟျွန်းဆော့က ဂျီဟွန်းရဲ့နောက်စေ့ကိုတစ်ချက်ရိုက်ပြီး အကျေနပ်ကြီးကျေနပ်ကာ အိမ်ပြန်ဖို့လဲမေ့နေဟန်တူပေ၏။ ရုတ်တရက် ဂျီဟွန်းက သူ့ကိုပိတ်ဆွဲလိုက်သည့်အခါ ဂျီဟွန်းရင်ခွင်ထဲ ဘတ်ကနဲပြေးကပ်သွားပေ၏။ ရုတ်တရက်လန့်ပြီး ဆဲမိတော့မလိုဖြစ်သွားချိန်မှာပင် လေပြင်းပြင်းတစ်ချက်က သူတို့အပေါ်သို့ဖြတ်တိုက်သွားပေ၏။ ထို့နောက် ၎င်းဆိုင်ကယ်များနောက်မှ နောက်ထပ်ဆိုင်ကယ် သုံးလေးငါးဆီးပါ လိုက်ပါသွားပေ၏။ အရှိန်မြင့်မြင့်နှင့် မောင်းသွားသည့်ဆိုင်ကယ်များဟာ တမင်တကာပေလော...အလျင်လိုစရာကိစ္စရှိနေပေလောမသိသော်လည်း ဂျီဟွန်းကတော့ ဟျွန်းဆော့ကို ဆိုင်ကယ်မတိုက်မိစေရန် သူ့ရင်ခွင်ထဲဆွဲသွင်းထားပြီး ပြန်လွှတ်ဖို့တော့ မေ့နေပေ၏။

ချွဲဟျွန်းဆော့က တံတောင်ဆစ်ဖြင့် ဂျီဟွန်းရင်ခွင်ထဲက ရုန်းရင်းပြောလိုက်သည်။

"ကျေးဇူးပဲ...ငါ့ကိုလွှတ်ဦး လည်ပင်းအစ်နေပြီ...!"

အမှန်ပဲ။ ပတ်ဂျီဟွန်းက သူ့ကိုဆိုင်ကယ်တိုက်မိမှာစိုးသဖြင့် သူ့ရင်ခွင်ထဲကို ဆွဲသွင်းသွားတာမှန်သော်လည်း သူတို့ဟာ ယခု K dramaထဲ ရောက်နေခြင်းမဟုတ်ပါ။ ဂျီဟွန်းရဲ့ သန်မာတဲ့လက်တွေဟာ သူ့လက်တွေကို တယုတယဆွဲယူပြီး ရင်ခွင်ထဲထည့်ကာ ခေါင်းလေး ပွတ်ပြီး ဖက်ထားလိုက်ခြင်းမျိုးတော့ လုံးဝမမျှော်လင့်သင့်ပါပေ။ ဂျီဟွန်းက ဟျွန်းဆော့ရဲ့ အင်္ကျီဂုတ်ကနေဆောင့်ဆွဲလိုက်ပြီး အရှိန်မထိန်းနိုင်လိုက်သည့် ဟျွန်းဆော့က သူ့ဘာသာ ဂျီဟွန်းရဲ့ရင်ဘတ်ကို ကျောနဲ့ ဘတ်ကနဲဝင်ဆောင့်မိရုံအပြင်မပိုပေ။ ယခုမူ ဂျီဟွန်းက သူ့ကိုလွှတ်ပေးဖို့မေ့နေခြင်းမှာလဲ ဖက်ထား၍တော့မဟုတ်။ လည်ပင်းအစ်မတတ်အင်္ကျီဂုတ်ကို ဆွဲထားခြင်းသာဖြစ်ပေ၏။

Easy {uni+zaw}(Completed)Donde viven las historias. Descúbrelo ahora