ဟာရူတိုက ရုပ်တည်နှင့်ဆိုသည်။
''ငါက ကူညီပေးတာနော်...''
ဂျွန်ဂယူက သူ့နှုတ်ခမ်းအတွင်းသားတွေကို ကြိတ်ကိုက်လိုက်မိပြီး ခက်ခက်ခဲခဲပြောထွက်လာသည်။
''မလိုဘူး...မလိုဘူးလို့...ဟုတ်ပြီလား...? ''
ဟာရူတိုက မျက်ခုံးပင့်လိုက်သည်။
''သေချာတယ်ပေါ့...''
''မသေချာစရာရှိလို့လား...? မင်းသာပါးစပ်တစ်ချက်ဟလိုက်ရင်...မနေ့က ငါမင်းကို နမ်း...နမ်းချင်ယောင်ဆောင်(တယ်ပဲထားပါတော့)တာကိုလဲ ဖြေရှင်းလိုက်လို့ရနေတာပဲလေ...''
ဟာရူတိုက မျက်လုံးပေါ်အုပ်ကျနေသည့် ဆံပင်အချို့ကိုခါလိုက်ကာ မရယ်မပြုံးဖြင့်ပြောသည်။
''သေချာရင်ပြီးတာပဲ...''
ပြောပြီး ဟာရူတိုကဖုန်းကောက်ကိုင်ကာ အပြင်ထွက်သွားပေ၏။ ခဏကြာတော့ပြန်ဝင်လာပြီး သူ့ကိုလှည့်တောင်မကြည့်ဘဲ ထိုင်နေသည်။ မျက်နှာထားက အပေါ်ယံရင်းနှီးမှုအားလုံးကိုရေဆေးချလိုက်သည့်အလား လုံးဝပျောက်ကွယ်လို့သွားပြီး မျက်နှာထက်တွင် ''ငါ မင်း နဲ့ မသိဘူး...''ဟု ပြောနေသည့်အလား...?
ဟာရူတိုသည် အမှန်ပင် သူနှင့်မဟုတ်မဟပ်ကောလဟာလအားလုံးကို ဖုန်းလေးတစ်ချက်ဆက်ရုံဖြင့်ဖြေရှင်းခဲ့ကာ သူ့အားစကားပြောရန်လဲ နည်းနည်းတောင်စိတ်မပါသည့်ဟန်။ ခဏတာပျောက်ကွယ်လုနီးနီးရှိနေသည့် အထီးကျန်ဆတ်ကာ အေးစက်သည့်ပုံရိပ်ကလေးက မျက်နှာ၌ အထင်းသား။ ဂျွန်ဂယူသည် ၎င်းကိစ္စများအပေါ် စိတ်ဝင်စားတတ်သူမဟုတ်ခဲ့ပေ။ ထို့ကြောင့် သူအတန်းထဲဝင်လာသည့်အခါ မျက်နှာသေနှင့်သူ့ကိုလဲဘယ်ကိုမှမကြည့်ဘဲ အပြင်ဘက်သို့ငေးနေတတ်သည့် ဟာရူတိုကိုတစ်ချက်ကြည့်တတ်သည်။ ထို့နောက် စာသင်ချိန်မှာလဲတစ်ချက်မျှလှည့်ကြည့်တတ်ပြီး နေ့လည်ထမင်းကို စကားတစ်ခွန်းမှမပြောဘဲ စားပွဲတစ်ခုတည်း၌အတူထိုင်ကာစားရင်းလဲ တစ်ခါလောက်ခိုးကြည့်တတ်ပြီး ကျောင်းပြန်ချိန်တိုင်း အားလုံးထဲမှာ တစ်ဦးတည်းကွဲထွက်နေသည့် အရပ်ရှည်ရှည်နှင့် ထိုလူသားကဆိုင်ကယ်ကို ဗရမ်းဗတာမောင်းပြီးထွက်သွားတတ်သည်ကို ကြည့်နေတတ်သည်။
YOU ARE READING
Easy {uni+zaw}(Completed)