106 - 110

348 34 0
                                    


(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- ----------
အခန်း (၁၀၆)
-------- --------- -------- ------- ----------
စကိုင်းနက်မှာ...
ဒေါ်လာအကြောင်း ဆောင်းပါးတွေပဲ အတက်များနေပါတယ်။ ဖန်မင်ကွမ်ရဲ့ပြိုင်ပွဲသတင်းစင်တာတောင် ဒေါ်လာအကြောင်းကို သူများနောက်မှ လိုက်တင်နေရပါတယ်။ ဘယ်သတင်းဌာနပဲကြည့်ကြည့် ဒေါ်လာအကြောင်းပဲ တင်ဆက်နေပါတယ်။ ကျန်တဲ့ရွေးချယ်ခံကိုးယောက်အကြောင် တင်ဆက်တဲ့သတင်းဌာန အနည်းငယ်သာရှိပါတယ်။

စီးပွားရေးလုပ်ငန်းရှင်အများစုကလည်း ဒေါ်လာကို လိုက်ရှာနေကြပါတယ်။ သူတို့က သူတို့ထုတ်ကုန်တွေကို ထောက်ခံကြော်ငြာဖို့ ဒေါ်လာကို ငှါးချင်နေပါတယ်။ တချို့လူတွေက ဒေါ်လာရဲ့သရုပ်မှန်ကို ဖော်ထုတ်ချင်ကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မအောင်မြင်ကြပါ။
-------- --------- -------- ------- ----------
စိန့်ခန်းမရဲ့စာမျက်နှာမှာ
ခြေကွက်တွေအကြောင်းရေးထားတဲ့ အဆင့်လွန်မျိုးရိုးဗီဇသိုင်းတွေကို ဟန်ဆန်းဟာ စာမြည်းဖတ်ရင်း မျက်စိပြာလုမတတ် လိုက်ရှာနေပါတယ်။

အညွန်းစာမြည်းတခုတည်းကနေ သူ့နဲ့သင့်တော်မယ့်ခြေကွက်ကို လိုက်ရှာရတာ,မလွယ်ပါ။ ဒီထက်ပိုကောင်းတဲ့နည်းလမ်းလည်း ဟန်ဆန်းမှာ,မရှိပါ။

အညွန်းစာမြည်းအားလုံးကို ဖတ်ရှုသုံးသပ်ပြီးနောက် ''အရိပ်ခြေလှမ်း''လို့ အမည်ရတဲ့
အဆင့်လွန်မျိုးရိုးဗီဇခြေလှမ်းသိုင်းတခုကို ဝယ်ယူလိုက်ပါတယ်။

ဝယ်ယူပြီးနောက်...
ဟန်ဆန်းဟာ သရုပ်ပြဗီဒီယိုကို ကြည့်ကာ စတင်လေ့လာလိုက်ပါတယ်။

မကြာမီ...
အရိပ်ခြေလှမ်းဟာ သူ့စိတ်ကူးထဲမှာရှိတဲ့ ခြေလှမ်းသိုင်းနဲ့ အတော်လေးကွဲလွဲနေတာကို တွေ့လိုက်ရပါတယ်။

သူ့အမြန်နှုန်းကို မြှင့်တင်ပေးပြီး ပြိုင်ဘက်အနီးသို့ ချက်ချင်းချဉ်းကပ်နိုင်မယ့် ခြေလှမ်းသိုင်းတခုရဖို့ သူ,မျှော်လင့်ခဲ့ပါတယ်။ အရိပ်ခြေလှမ်းက အလွန်မြန်ပါတယ်။ သိုင်းကွက်သဘောတရားအရ အရိပ်ခြေလှမ်းကို လေ့ကျင့်ခြင်းဖြင့် သူ့ခန္ဓာကိုယ်ဟာ အရိပ်လို ရွေ့လျားနိုင်လာပါလိမ့်မယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now