411 - 415

269 22 0
                                    

Super God Gene (411)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၁၁)
-------- --------- -------- ------- --------
ငါးရိုးမာမြားဟာ
ကောင်းကင်ကို လျှပ်စီးလက်သလို ဖြတ်သန်းသွားပြီး မှင်စာဘုရင်ရဲ့ ခေါင်းကြီးနှစ်လုံးအနက် တလုံးကို ထိမှန်သွားတယ်။

မှင်စာဘုရင်ဟာ
မြွေတကောင်လို မတ်တတ်ရပ်ပြီး ပင်မခန္ဓာကိုယ်ရဲ့ လက်သုံးချောင်းနဲ့ တွင်းနှုတ်ခမ်းကို ထောက်ပြီး မြားလာတဲ့ ဘက်ကို ကြည့်လိုက်တယ်။ ပြီးနောက် မွေ့လည်နေတဲ့ ငါးရိုးမာမြားကို လက်တဖက်နဲ့ ကိုင်လိုက်တယ်။ ငါးရိုးမာမြားဟာ ဆက်လက်မွေ့လည်နေဆဲပါ။ မှင်စာဘုရင်ထံမှ ငှက်ဆိုးထိုးသလို ကျယ်လောင်စူးရှတဲ့ အသံရှည်ကြီးထွက်ပေါ်လာတယ်။

ဒါပေမဲ့...
ခဏကြာတော့...
မြားပေါ်ကို လက်သုံးချောင်းစလုံး ရောက်လာတယ်။ မြားကို အုပ်ကိုင်ထားတယ်။ မွေ့လည်အားဟာ အတော်ပြင်းသော်လည်း မြားဟာ ရှေ့ဆက်မမွေ့မလည်နိုင်တော့ပါ။

မှင်စာဘုရင်ဟာ
စူးရှစွာအော်ပြီး သူ့ခေါင်းကို ဟန်ဆန်းရပ်နေတဲ့ဆီသို့ လှည့်လိုက်တယ်။ မှင်စာဘုရင်ကြီးအော်လိုက်တဲ့ အသံဟာ မိုင်ပေါင်းများစွာ အကွာအဝေးက လူတွေကိုပင် ခေါင်းကိုက်စေခဲ့တယ်။

မှင်စာဘုရင်ရဲ့
အော်သံကြောင့် မှင်စာတွေဟာ တောင်နံရံရှိ တွင်းခေါင်းတွေထဲကနေ ထွက်လာကြတယ်။

မှင်စာတွေဟာ
ရေတံခွန်က ရေတွေ တဝေါဝေါနဲ့ စီးကျသလို ထွက်လာကြတယ်။

မှင်စာတွေဟာ
ဟန်ဆန်းဆီသို့ ဦးတည်ပြီး သွားနေကြတယ်။

မှင်စာတွေကို
ကြည့်ရတာ အနီရောင်ရေတံခွန်ကြီးကို ကြည့်နေရသလိုပါ။
-------- --------- -------- ------- --------
မှင်စာဘုရင်ရဲ့
စူးရှရှအော်သံနက်ကြီးကို ကြားရတဲ့အခါ ကျာချန်ဖုန်းတို့ လေးယောက်လည်း ကြားရပါတယ်။

သူတို့လေးယောက်ဟာ
နားကို လက်ဝါးနဲ့ အုပ်ပြီး နှင်းတောင်ကို လှမ်းကြည့်လိုက်ကြတယ်။

"ဟာ...၊ ဟိုလူ တကယ်ဆော်တယ်ဟ...။''

ကျာချန်ဖုန်းက
နှင်းတောင်ကို လှမ်းကြည့်ရင်း ရေရွတ်လိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now