281 - 285

272 25 0
                                    


အခန်း (၂၈၁)
-------- --------- -------- ------- --------
"ဒင်း...။''

ဟန်ဆန်းဟာ
အသွားသုံးဖက်မှိန်းကို ဆင့်ခေါ်ပြီး ဘယ်လက်နဲ့ ကိုင်ကာ သူ့မျက်နှာရှေ့က ဓားမြှောင်နက်ကို ကာလိုက်ပါတယ်။

တချီမှာ
သူ့နောက်ဘက်မှာရှိတဲ့ အရိုးစုသားရဲဟာ ချာလပတ်လည်ကာ သူ့ရှေ့မှာ ဘွားခနဲပေါ် လာပြီး သူ့ကို ဓားမြှောင်နဲ့ ထိုးလိုက်ပါတယ်။ ဓားရှည်ကို ပြန်ရုပ်ဖို့ ဒါမှမဟုတ် မှိန်းကို လွှဲဖိှု့ သူ့မှာ အချိန်မရှိခဲ့ပါ။

"Oှစ်...''

ဟန်ဆန်းဟာ
အရိပ်ခြေလှမ်းကို သုံးပြီး အတိမ်းအစောင်းခံလို့မရတဲ့ ခြေလှမ်းတလှမ်း,လှမ်းကာ ဆံပင်တပင်စာအကွာမှ ပွတ်ကာသီကာ ရှောင်လိုက်ရပါတယ်။

ဓားမြှောင်ဦးက
ပုရွက်ဆိတ်သရဲချပ်ဝတ်တန်ဆာကိုတောင် ခြစ်သွားပါတယ်။ ချပ်ဝတ်တန်ဆာပေါ်မှာ ဓားခြစ်ရာတိမ်တိမ်လေးတခု ထင်ကျန်ရစ်ခဲ့ပါတယ်။ ဘယ်လောက်တောင် ထက်တဲ့ ဓားမြှောင်ပါလဲ။ ဟန်ဆန်းဟာ ရင်ထိပ်သွားပါတယ်။

အချိန်မဆိုင်းဘဲ
အရိုးစုသားရဲရဲ့ နောက်လက်တဖက်က ဓားမြှောင်ဟာလည်း ထင်မထားတဲ့ နေရာကနေ ဘွားခနဲပေါ်လာပါတယ်။

ဟန်ဆန်းဟာလည်း
လုပ်ကြံသတ်ဖြတ်သူ,ဓားမြှောင်ဝိဇ္ဇာတယောက်ပါ။ ဒါပေမဲ့ ဒီလိုတိုက်ခိုက်ပုံမျိုးကိုတော့ သူဟာ တခါမှ မမြင်ဖူးခဲ့ပါ။

အရိုးစုသားရဲရဲ့
လှုပ်ရှားပုံတွေဟာ အမှားမှား အယွင်းယွင်း လှုပ်ရှားနေတာနဲ့ တူပါတယ်။ ဒါပေမဲ့ သူဟာ အရိုးစုသားရဲရဲ့ လှုပ်ရှားပုံတွေကို ဘယ်လိုမှ ကြိုတင်ခန့်မှန်းလို့ မရပါ။ ဒါက သူ့ကို စိတ်မသက်မသာဖြစ်စေပါတယ်။

အရိုးစုသားရဲရဲ့
လှုပ်ရှားပုံတွေက ဘာနဲ့အလားသဏ္ဍန်တူလဲဆိုရင် တီးလုံးတခြား ကကွက်တခြား ဖြစ်နေတာနဲ့ တူပါတယ်။ တီးတဲ့သူက တီးချင်သလို တီးနေတာကို ကတဲ့သူက ကချင်သလို ကနေတာနဲ့ တူပါတယ်။

ဒါ့အပြင်
အရိုးစုသားရဲဟာ အရမ်းအရမ်း မြန်ပါတယ်။ သူဟာ ဆက်တိုက်နီးပါး တိုက်ခိုက်နိုင်ပါတယ်။ ဒီဆက်တိုက်နီးပါးတိုက်ခိုက်မှုတွေကြောင့် ဟန်ဆန်းဟာ ကစားကွက်ပျောက်ပြီး ကြုံသလိုကန်ထုတ်နေရတဲ့ ဘောလုံးသမားတယောက်လို ဖြစ်နေခဲ့ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Onde histórias criam vida. Descubra agora