Super God Gene (641)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၄၁)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ဝိညာဉ်ရဲတိုက်ကြီးထဲကို ရောက်ရှိလာခဲ့တယ်။ ရုတ်တရက် သူဟာ ဒဏ္ဍာရီကျွန်းပေါ်ကို ဖြတ်ပျံလာတဲ့ အနက်ရောင်အရိပ်တခုကို မြင်လိုက်ရတယ်။ ဟန်ဆန်းဟာ မျက်မှောင်ကြုတ်ပြီး ခပ်တိုးတိုး ရေရွတ်မိတယ်။"ဒဏ္ဍာရီကျွန်းကို ဘယ်သူမှ မလာရဘူးလို့ အမိန့်ထုတ်ထားတဲ့ ကြားက အမိန့်မနာခံဘဲ တက်လာတာ ဘယ်သူလဲ...။ တွေ့ကြပြီပေါ့...။''
ဟန်ဆန်းဟာ ရဲတိုက်ရဲ့ နံရံအမြင့်ကြီးပေါ်မှာ မတ်တတ်ရပ်ရင်း ဒဏ္ဍာရီကျွန်းပေါ်ကို တက်လာတဲ့ အနက်ရောင်အရိပ်ကို စိုက်ကြည့်နေခဲ့တယ်။ အနက်ရောင်အရိပ်ဟာ တဖြည်းဖြည်း ထင်ရှားလာတယ်။ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူတယောက်လို့ သတိပြုမိခဲ့တယ်။ သူ့လိုမျိုး ငွေမြေခွေးလေးအဖော်မပါတာကြောင့် အဲ့ဒီလူဟာ အိမ်ရှင်သားရဲတွေဝိုင်းလိုက်တာကို ခံနေရတယ်။
အဲ့ဒီလူဟာ သားရဲတွေကို တိုက်ခိုက်ရင်း လမ်းရှင်းလာတယ်။ သူ့ကို တားတဲ့ သားရဲတွေဟာ သွေးသံရဲရဲနဲ့ အလောင်းတွေဖြစ်ကျန်ခဲ့တယ်။ သူဟာ တလှမ်းချင်းလှမ်းကာ ရှေ့တက်လာတယ်။ သူ့ကို ဘယ်သားရဲမှ မတားနိုင်ခဲ့ပါ။ သူဟာ ကျွန်းလယ်ခေါင်က ရဲတိုက်ကြီးဆီသို့ ဦီးတည်ပြီး လာနေပါတယ်။
မကြာမီ ဟန်ဆန်းဟာ အဲ့ဒီလူရဲ့ မျက်နှာကို တစွန်းတစ မြင်လာရတယ်။ အဲ့ဒီလူကို သူ မသိပါ။ ဆံပင်က အနက်ရောင်၊ အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားတယ်။ လက်ထဲမှာ ကြေးနီရောင်ဓားရှည်တချောင်းကိုင်ထားတယ်။ သူ့ဓားသိုင်းဟာ အတော်အဆင့်မြင့်ပုံပေါ်တယ်။ ဓားချက်တိုင်းဟာ သားရဲတွေကို ခြိမ်းခြောက်နိုင်တယ်။
"ဒီလူကို ရေခဲလွင်ပြင်ဒေသမှာ တခါမှ မမြင်ဖူးဘူး...။''
ဟန်ဆန်း မှတ်ချက်ချလိုက်တယ်။ အဲ့ဒီလူဟာ ရေခဲလွင်ပြင်ဒေသမှာ ရှိရိုးမှန်ရင် သူ့လိုဓားသမားတယောက်ကို မသိစရာမရှိပါ။
အဲ့ဒီလူဟာ တဟုန်ထိုး ပြေးလာတယ်။ ဟန်ဆန်းရပ်နေတဲ့ နေရာနဲ့ တဖြည်းဖြည်း နီးလာတယ်။ မကြာမီ အဲ့ဒီလူဟာ နံရံအမြင့်ကြီးပေါ်မှာ ရပ်နေတဲ့ ဟန်ဆန်းကို မြင်ပြီး အလွန်အံ့အားသင့်သွားတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ တော်ဝင်ရဲတိုက်ရဲ့ နံရံအမြင့်ကြီးပေါ်မှာ တယောက်တည်း မတ်တတ်ရပ်နေတယ်။ သူ့အနီးအနားမှာ ငွေမြေခွေးလေးမှတပါး အခြားဘာသားရဲမှ မရှိပါ။ ငွေမြေခွေးလေးဟာ ဟန်ဆန်း ပခုံးပေါ်မှာ ကြော့ကြော့မော့မော့လေး ထိုင်နေတယ်။
ESTÁS LEYENDO
နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)
Aventuraနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...