အခန်း (၁၉၆)
-------- --------- -------- ------- --------
ဖင်ချင်က ပြောလိုက်ပါတယ်။"စည်းမျဉ်းအရ ထွတ်မြတ်သွေးသားရဲဝိဉာဉ်နှစ်ခုကို လေလံပွဲမှာ ပြထားမယ်...။ ဒါပေမဲ့...ရှင်လိုချင်ရင်... ကျမက ရှင့်ကို ကြိုရောင်းပေးလို့ရတယ်...။ ခန့်မှန်းခြေဈေးနဲ့ အရောင်းအဝယ်လုပ်လို့ရတယ်...။ ဒီလုပ်ငန်းက ကျမတဦးတည်းပိုင်,မဟုတ်ပေမဲ့... ဒါလောက်တော့... လုပ်ပေးလို့ရတယ်...။''
"ဘယ်ဈေးလဲ...။''
ဟန်ဆန်းက ထပ်မေးလိုက်ပါတယ်။ ဖင်ချင်က ဖုန်းထုတ်ပြီး ဈေးနှုန်းစာရင်းကို ပြလိုက်ပါတယ်။
မှိန်းရဲ့ဈေးနှုန်းကို မြင်တဲ့အခါ
ဟန်ဆန်းက တူးတူးခါးခါး ပြောလိုက်ပါတယ်။"သန်း ၂၃၀..., ငါ မတတ်နိုင်ဘူး...။''
သူ့ပိုင်ဆိုင်မှုတွေအားလုံးပေါင်းလိုက်ရင် သန်း ၆၀ ကျော်ပါတယ်။ သူ့မှာ ဝါးဖရိမ်သုံးစီးရှိပါတယ်။ ဆေးဗားကေလာနဲ့ အပြာရောင်SKTSကို ရောင်းဖို့ အစီအစဉ်မရှိပါ။ ကျန်တဲ့ SKTS တစီးကို ရောင်းရင်... သန်း၇၀ ရပါမယ်။ သန်း ၆၀ နဲ့ သန်း ၇၀...။ နှစ်ခုပေါင်း သန်း ၁၃၀ က ကြမ်းခင်းစျေး သန်း ၂၃၀ ပြည့်ဖို့ သန်း ၁၀၀ လိုပါသေးတယ်။
"ကောင်းကင်၏သားတော်တို့လိုလူတွေလာမှာမို့ ကြမ်းခင်းစျေးကို သန်း ၂၃၀ လောက်တင်ထားတာ...။''
ဖင်ချင်က ပြောလိုက်ပါတယ်။
"ရှင်တကယ်လိုချင်ရင်... ကျမက ရှင့်ကို ဝန်ထမ်းလျှော့ဈေး သန်း ၁၈၀ နဲ့ ပေးမယ်...။''
ဟန်ဆန်းဟာ...
သားရဲဝိဉာဉ်ရောင်းဝယ်ရေး လုပ်ငန်းရဲ့ အမြတ်ပမာဏကို နားလည်သွားပါတယ်။ ထွတ်မြတ်သွေးသားရဲဝိဉာဉ်ဟာ ဘယ်လောက်တန်ဖိုးရှိမှန်းလည်း သိသွားပါတယ်။ဟန်ဆန်းဟာ...
အတွေးထဲမှာ နစ်မျောရင်း တိတ်ဆိတ်သွားပါတယ်။ထိုစဉ်...
ဖင်ချင်က တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်ပါတယ်။"ရှင့်မှာ ပိုက်ဆံမလောက်ရင်... ကျမ အကြံတခုပေးမယ်...။ အာ့ဆို..., ရှင်တပြားမှ မကုန်ဘဲ အဲ့မှိန်းကို ရမယ်...။''
"ဘာအကြံလဲ...။''
ဟန်ဆန်းဟာ...
အနည်းငယ်အံ့အားသင့်သွားပါတယ်။
BẠN ĐANG ĐỌC
နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)
Phiêu lưuနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...