Super God Gene (351)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၃၅၁)
-------- --------- -------- ------- --------
မျိုးရိုးဗီဇအမှတ်လေးမျိုးစလုံး
တရာပြည့်သူတွေဟာ ပထမနတ်ဘုရားကမ္ဘာမှာ နေစရာ မလိုတော့ပါ။ နတ်ဘုရားကမ္ဘာရဲ့ စည်းမျဉ်းအရ အပြစ်ပေးခံရရင် ဝေဒနာကြီးစွာ ခံစားရပါတယ်။ ဒါကြောင့် လူအများစုဟာ ဒုတိယနတ်ဘုရားကမ္ဘာသို့ ရိုးရှင်းစွာ ပြောင်းသွားကြပါတယ်။ပထမနတ်ဘုရားကမ္ဘာမှာ
နေထိုင်ဖို့ ရွေးချယ်ခဲ့ရင်လည်း သူတို့ဟာ ပထမနတ်ဘုရားကမ္ဘာရဲ့ ရွေးချယ်ခံပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်မရှိပါ။ သူတို့အများဆုံးလုပ်နိုင်တဲ့ အလုပ်က ထွတ်မြတ်သွေးသားရဲတွေကို သတ်တဲ့ အလုပ်ပါ။ အဲ့ဒါကလည်း သူတို့အတွက် အရေးမကြီးတော့ပါ။ဒါပေမဲ့...
လွတ်မြောက်သူဖြစ်ခါစလူတယောက်ဟာ စူပါသားရဲတွေကိုတော့ သတ်နိုင်ဦးမှာ မဟုတ်ပါ။ စူပါသားရဲတွေရဲ့ ခွန်အားဟာ သူတို့ထက် ကြီးမားပါတယ်။လွတ်မြောက်သူတွေအတွက်
သတ်မှတ်ထားတဲ့ မျိုးရိုးဗီဇသိုင်းတွေကို မလေ့ကျင့်ခင် လွတ်မြောက်သူအသစ်စက်စက်မှာ ကြီးမားတဲ့ ခွန်အားမှတပါး အခြားမရှိပါ။လက်ရှိအချိန်မှာ
ဟန်ဆန်းဟာ သူ့မှာ ရှိသမျှ အကုန်ထုတ်သုံးရင် သူ့ရဲ့ ကြံ့ခိုင်မှုအညွှန်းကိန်းဟာ အမှတ်လေးမျိုးရာပြည့်ရထားတဲ့ လွတ်မြောက်သူအသစ်တယောက်နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ ဒါပေမဲ့ စူပါသားရဲတကောင်ကိုတော့ ထိပ်တိုက်ရင်မဆိုင်ရဲသေးပါ။မူသခင်လေးဟာ
အမှတ်လေးမျိုးရာပြည့်ရထားတဲ့ လွတ်မြောက်သူပါ။ သူ ဘာကြောင့် ပထမနတ်ဘုရားကမ္ဘာမှာ ဆက်နေ,နေတာလဲ။ ဟန်ဆန်း မသိပါ။ နားမလည်ပါ။ဒါပေမဲ့
ဟန်ဆန်းဟာ အံ့တော့ မအံ့ဩပါ။ သူဟာ ကြံ့ခိုင်မှုအညွှန်းကိန်းအလွန်မြင့်တဲ့ မူသခင်လေးကို မြင်တဲ့အခါ စိတ်ကူးတခုရခဲ့ပါတယ်။မူသခင်လေးဟာ
သူ့ရဲ့ စိတ်ဝင်စားမှုနဲ့ ထိုက်တန်တယ်လို့ မတွေးမိပါ။ သူ့မှာ နည်းစနစ်တွေကင်းမဲ့နေပါတယ်။ နည်းစနစ်မပါတဲ့ ကြံ့ခိုင်မှုဟာ အဓိပ္ပာယ်မရှိပါ။ သူဟာ ဧရာမတူကြီးကို မနိုင့်တနိုင်ထမ်းပြီး ကစားနေတဲ့ ကလေးပိစိကွေးလေးနဲ့ တူပါတယ်။ သူ့ကြံ့ခိုင်မှုက ကြွားဝါတဲ့ နေရာမှာသာ အသုံးဝင်ပါတယ်။
YOU ARE READING
နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)
Adventureနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...