421 - 425

315 23 0
                                    

Super God Gene (421)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၂၁)
-------- --------- -------- ------- --------
"ထွတ်မြတ်သွေးအော်ရာသားရဲဝိဉာဉ်...၊
ထွတ်မြတ်သွေးထပ်ဆင့် သားရဲဝိဉာဉ်...၊
ထွတ်မြတ်သွေးအသွင်ပြောင်းသားရဲဝိဉာဉ်...၊
ထွတ်မြတ်သွေးလက်နက်သားရဲဝိဉာဉ်...၊
ထွတ်မြတ်သွေးအတောင်ပံသားရဲဝိဉာဉ်...၊''

ကျုံးကျန်းဟုန်ဟာ
သားရဲဝိဉာဉ်စာရင်းကို အသံထွက်မဖတ်ဘဲ မနေနိုင်တော့ပါ။ တရွက်ဖတ်ပြီးတိုင်း သူ့အသံဟာ ပိုလို့ပိုလို့  မာလာပါတယ်။ စာရွက်တွေကို ကိုင်ထားတဲ့ သူ့လက်တွေတောင်တုန်ရင်လာပါတယ်။

ဒီသားရဲဝိဉာဉ်တွေရဲ့
တန်ဖိုးကို သူ ကောင်းကောင်း နားလည်ပါတယ်။

အခုဆိုရင်
လူသားတွေဟာ နတ်ဘုရားကမ္ဘာမှာ နေထိုင်လာတာ ဆယ်စုနှစ်၂ခုကျော်လာခဲ့ပြီ။ ဒီအချိန်ကာလအတွင်း လူသားတွေရဲ့ သိုင်းအပါအဝင် တိုက်ခိုက်ရေးဆိုင်ရာနည်းပညာတွေဟာလည်း အချိန်နဲ့ တပြေးညီ တိုးတက်လာခဲ့တယ်။ အဲ့ဒါကြောင့် ထွတ်မြတ်သွေးသားရဲတွေကို သတ်နိုင်တဲ့ လူတွေဟာ ပိုလို့ပိုလို့ များလာပါတယ်။ ဒါဟာ ထွတ်မြတ်သွေးသားရဲတွေကို အမဲလိုက်ရတာ လွယ်တယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါ။ ထွတ်မြတ်သွေးသားရဲတွေဟာ ကြောက်မက်ဖွယ်ကောင်းတာကြောင့် လူအများစု(၉၀%ခန့်)ဟာ ထွတ်မြတ်သွေးသားရဲတွေကို လက်ရှောင်ကြပါတယ်။ အဲ့ဒီတော့ ထွတ်မြတ်သွေးသားရဲဝိဉာဉ်တကောင်ရဖို့ဆိုတာ သီအိုရီအရလွယ်သော်လည်း လက်တွေ့မှာကျ ခက်ပါတယ်။

သို့သော်
ဒီစာရင်းထဲရှိ သားရဲဝိဉာဉ်အားလုံးနီးပါးဟာ အထင်ရှားဆုံးထွတ်မြတ်သွေးသားရဲဝိဉာဉ်တွေဖြစ်ပါတယ်။ အထူးသဖြင့် ''အော်ရာ''ပါ။ ထွတ်မြတ်သွေးအော်ရာသာရှိရင် ဘယ်သူမဆို အသင်းတသင်း၊ ဂိုဏ်းတဂိုဏ်းထောင်နိုင်ပါတယ်။

စာရင်းထဲမှာပါတဲ့
အခြားသားရဲဝိဉာဉ်တွေဟာလည်း ရှယ်တွေချည်းပါ။ ကျုံးကျန်းဟုန် မြင်သမျှဟာ လိုချင်စရာချည်းပါ။ ဒီစာရင်းဟာ ကျုံးကျန်းဟုန်ကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Opowieści tętniące życiem. Odkryj je teraz