နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ----------
အခန်း (၁၅)
-------- --------- -------- ------- ----------
သိုင်းစွမ်းရည်ပြပွဲမှ...
အိမ်ကိုပြန်ရောက်ပြီးနောက် ဟန်ဆန်းဟာ ကျောက်စိမ်းခန္ဓာကျင့်စဉ်ကို ဆက်လက်လေ့ကျင့်ပါတယ်။ နတ်ဘုရားကမ္ဘာကို နှစ်ရက်တကြိမ်သွားပြီး ကြေးသွားနီသားရဲကို စစ်ဆေးပါတယ်။သန္ဓေပြောင်းသားရဲဖြစ်ဖို့...
အနက်ရောင်ပုံဆောင်ခဲကို မျိုချခဲ့တဲ့အချိန်ကစလို့ရေတွက်ရင် လဝက်ကြာပါတယ်။ ဒါပေမဲ့အရွယ်အစားကတော့ မပြောင်းလဲပါ။ သူမြင်ဖူးတဲ့ သန္ဓေပြောင်းသားရဲတွေက ဒီအရွယ်အစားရဲ့နှစ်ဆရှိပါတယ်။ဟန်ဆန်းဟာ
ဓားမြှောင်ကိုထုတ်ပြီး သားရဲရဲ့လည်ပင်းကို ခုတ်ပိုင်းလိုက်ပါတယ်။"သာမန်သန္ဓေပြောင်းသားရဲနဲ့ နည်းနည်းတော့ကွဲမယ်...။ မွေးမြူရေးသားရဲဆိုတော့ ဒီလောက်အရွယ်ပဲရှိမှာပေါ့...။''
ဟန်ဆန်းဟာ
သွေးစွန်းသတ်ဖြတ်ကောင်မွန်းစတားပုံစံပြောင်းလိုက်ပြီး သားရဲရဲ့လည်ပင်းကို ဂျွတ်ခနဲမြည်အောင် အားနဲ့ချိုးလိုက်ပါတယ်။
-------- --------- -------- ------- ----------
"သန္ဓေပြောင်းကြေးသွားနီသားရဲကိုသတ်ပြီး...။ သားရဲ ဝိဉာဉ်မရရှိ...။ အသားကို စားပြီး သုညလား...။ တစ်ဆယ်လား...။ ဘယ်နှမှတ်ရမလဲ...။ ကံစမ်းပါ...။''
-------- --------- -------- ------- ----------
သူ့စိတ်ထဲကအသံက
ဟန်ဆန်းကို အပျော်လွန်စေပါတယ်။ ဒီကြေးသွားနီသားရဲဟာ တောထဲက သန္ဓေပြောင်းကြေးသွားနီသားရဲနဲ့တော့ ကွဲပြားပုံပေါ်ပါတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။အခု...
ဟန်ဆန်းရင်ဆိုင်နေရတဲ့ဒုက္ခက ဒီကြေးသွားနီသားရဲကို ဘယ်လိုရောင်းရမလဲဆိုတာပါ။ သူ့မှာ ငွေအရေးတကြီးလိုနေပါတယ်။ ငွေမလိုဘူးဆိုရင် သန္ဓေပြောင်းမျိုးရိုးဗီဇအမှတ်ရဖို့ အသားတွေကို သူုဟာသူ စားပစ်မှာပါ။"ဒေါ်လာအဖြစ် လူလုံးပြပြီး အသားထွက်ရောင်းဖို့က ငါ့အတွက်အန္တရာယ်ကြီးလွန်းတယ်။ ဟန်ဆန်းအနေနဲ့ ရောင်းရင်လည်း ဒုက္ခရောက်နိုင်တယ်...။''
အပြန်ပြန်အလှန်လှန်
စဉ်းစားပြီးနောက်မှာ ဒေါ်လာနာမည်ကိုသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
-------- --------- -------- ------- ----------
ဒီရက်ပိုင်း....
စူးရှကွေးရိုဟာ စိတ်ဓာတ်ကျနေပါတယ်။ ကွင်ရှန်ကလည်း သူ့ကို ဒေါ်လာရှာခိုင်းနေပါတယ်။ ဒါပေမဲ့ ဒေါ်လာကို သူမသိထားတာထက် သူပိုမသိပါ။
ဒါဆို သူဘာဆက်လုပ်သင့်လဲ။ သူမသိတော့ပါ။
-------- --------- -------- ------- ----------
တခုသောမနက်စောစော... သူအခန်းရှေ့ထွက်လာစဉ်... တစုံတခုက စူးရှကွေးရိုကို ခြေထိုးခံလိုက်ပါတယ်။ မြေကြီးနဲ့ရိုက်မိပြီး သူ့မျက်နှာအတော် နာသွားပါတယ်။
CITEȘTI
နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)
Aventurăနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...