621 - 625

281 21 0
                                    

Super God Gene (621)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၂၁)
-------- --------- --------
------- --------
အခြေအနေဟာ တင်းမာနေတယ်။ လေထုကလည်း အခြေအနေနဲ့ လိုက်ဖက်ညီအောင် အေးစက်နေတယ်။ 

"အမကြီး...၊ ကျမတို့က နှစ်တွေအများကြီး လက်တွဲခဲ့ပြီးပြီ...။ အဲ့ဒါတွေကို ဒီအတိုင်း လွတ်ချခဲ့တော့မလား...။''

ကြောင်ပျင်းက ပြောလိုက်တယ်။

ဘုရင်မက သူမဘက်ကို လှည့်ပြီး အေးစက်စက်အသံနဲ့ ပြောလိုက်တယ်။

"ကျမတို့အဖွဲ့စဖွဲ့တုန်းက ကျမရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ပြောပြီးသား...။ အဲ့ဒါက ထွတ်မြတ်သွေးထက် အဆင့်မြင့်တဲ့ သားရဲတွေကို သတ်ဖို့...။ ကျန်တာတွေ ဂရုမစိုက်ဘူး...။ ဘာကြောင့်လဲဆိုတော့ ကျမက ကျမဖြစ်နေလို့ပဲ...။''

ဘုရင်မဟာ ပြောပြီးတာနဲ့၊ ချာခနဲ လှည့်ထွက်သွားတယ်။
-------- --------- -------- ------- --------
တိုင်းရန့်ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပေမဲ့လည်း ဘာစကားမှ မပြောခဲ့ပါ။

ကောင်းဂျယ်လည်း စကားမပြောနိုင် ဖြစ်ကျန်ခဲ့တယ်။

ကြောင်ပျင်းဟာ တတိတိ စဉ်းစားရင်း သူမရဲ့ မျက်လုံးထောင့်မှ မျက်ရည်တွေစီးကျလာတယ်။

ဖင်ချင်ဟာ ဟန်ဆန်းကို ဆွဲပြီး ဘုရင်မနောက်ကို လိုက်သွားခဲ့တယ်။ ဒါပေမဲ့ ဘုရင်မက သူတို့ထက် မြန်တယ်။ ရဲတိုက်အပြင်သို့ သူတို့ရောက်သွားတဲ့အခါ ဘုရင်မ မရှိတော့ပါ။

"အင်း...၊ တခါတလေ ကျတော့လဲ ဘုရင်မကို ဘယ်လိုနားလည်ရမှန်း မသိဘူး...။''

ဖင်ချင်က သက်ပြင်းချလိုက်တယ်။

"ဒီလိုလုပ်သွားတာ သူမမှာ အကြောင်းပြချက်တော့ ရှိရမယ်...။ မင်း တခုခု စဉ်းစားမိလား...။''

ဟန်ဆန်းက ဖင်ချင်ကို စပ်စုတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

ဘုရင်မကို ဟွမ်ဖူမိသားစုက မွေးစားပြီး မြေတောင်မြှောက်ပေးခဲ့တယ်။ အဲ့ဒါကြောင့် သူမအကြောင်းကို ဟွမ်ဖူဖင်ချင်ကလွဲပြီး အခြားလူမသိနိုင်ပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)حيث تعيش القصص. اكتشف الآن