626 - 630

258 22 0
                                    

Super God Gene (626)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၂၆)
-------- --------- -------- ------- --------
"ဒီအတိုင်းဆက်သွားရင် သူ့အတွက် အန္တရာယ်ရှိမယ်...။''

ချူ ဒေါင်ဂျင်းက လေထဲမှာ လှည့်ပတ်ပြေးနေတဲ့ ဟန်ဆန်းကို ကြည့်ရင်း ပြောလိုက်တယ်။ ပြီးနောက် ဘုရင်မကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။

"ကျနော်တို့ သူ့ကို သွားကူသင့်ပြီထင်တယ်...။''

ချူ ဒေါင်ဂျင်းရဲ့ စကားဟာ ရင်ထဲကလာတဲ့ စကားမဟုတ်ပါ။ ဟန်ဆန်းနောက်က လိုက်လာတဲ့ ငှက်တအုပ်ကြောင့် ထွက်လာတဲ့ စကားပါ။ ဟန်ဆန်းနောက်ကို သဲကြီးမဲကြီး လိုက်လာတဲ့ ငှက်အုပ်ဟာ သူတို့လူစု လက်နိုင်ခြေနိုင်နဲ့ အလွယ်တကူ သတ်ဖြတ်နိုင်တဲ့ အရေအတွက်ပါ။ 

အစကတော့ ချူ ဒေါင်ဂျင်းဟာ ဟန်ဆန်းနဲ့ ငှက်တွေကို ရုပ်ရှင်ကြည့်သလို အေးအေးဆေးဆေး ထိုင်ကြည့်နေခဲ့ပါတယ်။ ကြည့်နေရင်းနဲ့၊ ဒီအချိန်မှာ အမဲထလိုက်ရင် အကျိုးရှိမှာကို မြင်လို့ ဘုရင်မကို အကြံပြုလိုက်တာပါ။ ဟုတ်ပါတယ်။ တကယ်လဲ ဟန်ဆန်းနောက်ကို လိုက်လာတဲ့ ငှက်တွေဟာ အဆင်သင့် ကောက်စားချင်စရာ။
-------- --------- -------- ------- --------
"မလိုဘူး...။ ဓားချက်သုံးဆယ်အတွင်း ကောင်းကင်သိမ်းငှက်ဘုရင်သေလိမ့်မယ်...။ အဲ့ဒီထက် မပိုဘူး...။''

ဘုရင်မက အေးတိအေးစက် ပြန်ပြောလိုက်တယ်။

သူတို့မျက်လုံးထဲမှာ ဟန်ဆန်းကို ငှက်တကောင်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ဆန်းက ဘာသိုင်းကွက်မှ မသုံးဘဲ ငှက်တကောင်လို ပျံတက်လိုက်၊ ပျံဆင်းလိုက် လုပ်နေလို့ပါ။ အဲ့ဒီလိုမမြင်တာ ဘုရင်မတယောက်ပဲရှိပါတယ်။ ဟန်ဆန်းဟာ ပျံတက်ပျံဆင်းလုပ်ရင်း အကွေ့၊ အလှည့်၊ အရှောင်၊ အတိမ်းစတဲ့ တခုချင်းတိုင်းကို တွက်ချက်လှုပ်ရှားခဲ့တယ်။ ဘုရင်မဟာ ဟန်ဆန်းရဲ့ အကြံကို ရိပ်မိတယ်။ သူဟာ ကောင်းကင်သိမ်းငှက်ဘုရင်ကို ချောင်ပိတ်ဖမ်းဖို့ အကွက်ချနေတာပါ။ ဓားချက်သုံးဆယ်ပြည့်ရင် ကောင်းကင်သိမ်းငှက်ဘုရင်ဟာ ချောင်ပိတ်မိပြီး အသတ်ခံရမှာပါ။
-------- --------- -------- ------- --------
"ဓားချက်သုံးဆယ်...၊ မဖြစ်နိုင်ဘူး...။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Où les histoires vivent. Découvrez maintenant