အခန်း (၁၆၆)
-------- --------- -------- ------- --------
"ပြောကြည့်လေ...။''ယန်းမန်လီဟာ ကံကောင်းပြီးအရှက်မရှိတဲ့ကောင်နဲ့ စကားတွေအကြာကြီးပြောပြီး အချိန်မဖြုန်းချင်တော့ပါ။
တကယ့်စစ်သားအစစ်တွေဆိုရင် ဒီဂမ်းရဲ့ကမ်းလှမ်းမှုတခုခုကိုရရင် အလကားတောင်ကြော်ငြာပေးကြမှာပါ။ ဒီဂမ်းရဲ့ကမ်းလှမ်းမှုဟာ ဟန်ဆန်းရဲ့နာမည်ကို ပိုမိုထင်ရှာလားစေမယ်ဆိုတာကို ပြောနေစရာမလိုပါ။
အမှန်က...
ဒီဂမ်းဟာ ဟန်ဆန်းကို ကမ်းလှမ်းမယ့်အစား တန်းဇန်လပ်လို ပထမနတ်ဘုရားကမ္ဘာက အကျော်အမော်တွေကို ကမ်းလှမ်းသင့်ပါတယ်။အခုတော့...
ဟန်ဆန်းက ကျောင်းသားသစ်တယောက်အနေနဲ့ ဒီလိုကြီးမာတဲ့
ကမ်းလှမ်းမှုကို ရထားတာတောင် သူက ဟိုဟာတောင်း,ဒီဟာတောင်း ထပ်တောင်းချင်နေသေးတယ်။"ငါ့မှာ ဒီဂမ်းကထုတ်တဲ့ ဝါးဖရိမ်တစီးရှိတယ်။ အဲ့ဒါမှာ လက်နက်စနစ်တပ်ပေးစေချင်တယ်။ ပြီးတော့ အဲ့ဝါးဖရိမ်ကိုလည်း ကာလရှည်ရောင်းပြီးပစ္စည်းဝန်ဆောင်မှု ပေးစေချင်တယ်။''
သူ့ဝါးဖရိမ်ဟာ ရှေ့ပြေးပုံစံဖြစ်ပြီး အဲဒီဝါးဖရိမ်ကို ပြုလုပ်နေတုန်းကလည်း စစ်တပ်မှာသာ သုံးခဲ့တယ်ဆိုတာကို ဟန်ဆန်း သိပါတယ်။
သူကြော်ငြာရမယ့် ဝါးဖရိမ်တွေက အရပ်သုံးတွေဖြစ်ပြီး ဆေးဗားကေလာလောက် မကောင်းပါ။
ဟန်ဆန်းရဲ့ဆေးဗားကေလာက လက်နက်စနစ်မပါပါ။ သီးသန့်လက်နက်တွေသယ်ဆောင်ပြီး သွားလာလို့ရပေမဲ့ သက်တောင့်သက်သာမရှိပါ။ သွားလေရာမှာ လက်နက်တွေယူပြီးတော့လည်း မသွားချင်ပါ။ လက်နက်တွေယူပြီး သွားနေရင်လည်း လက်ဆွဲအိတ်လို သယ်ရလွယ်အောင်လုပ်ထားတဲ့ မူလရည်ရွယ်ချက်ကို ပျက်စီးသွားစေပါတယ်။
နောက်ပြီး...
ဆေးဗားကေလာပျက်ရင်...
သာမန်ဆားဗစ်စင်တာတွေက မပြင်နိုင်ပါ။ ဒါကြောင့် ဒီဂမ်းရဲ့ဆားဗစ်စင်တာတွေမှာ အခမဲ့ပြင်ခွင့်ရဖို့လိုပါတယ်။ သူတို့ထွင်ထားတဲ့ပစ္စည်းကို သူတို့ပဲပြင်တတ်မှာပါ။"နောက်ကောရှိသေးလား...။''
ယန်းမန်လီက တာဝန်ကျေမေးလိုက်ပါတယ်။
ESTÁS LEYENDO
နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)
Aventuraနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...