Unicode
မနက်၄နာရီ တိတိတွင်ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သည်။
ကျင့်သားရနေပြီဖြစ်တဲ့မျက်လုံးတွေကြောင့် ယမကာဂမုန်း နိုးနေပြီ။
လယ်ထဲ ရေတင်ရမှာမို့ ကသင်းရိုးဘေးမြောင်းဖောက်ရမည်။
အိပ်ယာထက်က လူးလဲကာထပြီး အိပ်ယာဘာညာသိမ်းဆည်းပြီး အိမ်အောက်ရေစည်မှာ မျက်နှာသစ်၊ကိုယ်လက်သန့်စင်လိုက်၏။"ဟောဒီက...ပဲပြုတ်...ပဲပြုတ်ပူပူလေးရမယ်...!!!"
ဟော.... ကတွယ်ရွာကပဲပြုတ်သည် မထား တောင်စျေးရောင်းထွက်နေပြီ။
ကတွယ်ရွာနဲ့ပဒီးကုန်းက ရွာချင်းကပ်ရက်မို့ မနက်စောစောလည်း ကြောက်စရာမကောင်းလှပါ။
အင်းးးးကြည့်ရတာ မထား ယောကျာ်းလည်းလိုက်ပါလာတယ်ထင်တယ်။"ဗျို့...မထား ကျုပ်ခြံထဲဝင်လှည့်ပါဦး.."
"အေးအေး... လာပြီ ဂမုန်းရေ.."
ထင်တဲ့အတိုင်း မထား ယောကျ်ား ကိုစိုးထွန်းလည်းပါလာတာပဲ။
"ကျုပ်ကို ပဲပြုတ် အစိပ်သားလောက် မထား.."
"အေးအေး...ရော့..ဂမုန်း မထားပိုထည့်ပေးထားတယ်နော်...နောက်လည်းအားပေးလှည့်ဦး.."
"ဟုတ်ပါပြီဗျာ.. "
ကျသင့်တဲ့ငွေကို ခါးပုံစထဲက ထုတ်ပေးလိုက်ပြီး နောက်ဖေးဘက်ကိုဝင်လာခဲ့ကာ ထမင်းကြမ်းနဲ့ပဲပြုတ်ကို ပဲဆီလေးနှင့်ရောကြော်ထားလိုက်သည်။
အဘနဲ့ဖိုးခွားအတွက် ငါးရံ့ခြောက်လေးတွေကို မီးဖုတ်ပြီးထုထောင်းကာ နှမ်းဆီဆမ်းပြီးအုပ်စောင်းအောက်တွင်ထည့်ပေးထားခဲ့သည်။
တစ်ဖန် အိမ်နွားတင်းကုပ်ကိုသွားပြီး မိဖြူနဲ့မိပြာ အတွက် ဟိုရက်ကသွားခုတ်ထားတဲ့ မြက်အထုံးကို နွားစာခွက်ထဲထည့်ပေးလိုက်၏။ကဲ...အားလုံးပြီးပြီးဆိုတော့ လယ်ထဲမြောင်းဖောက်ဖို့ပဲရှိတော့တယ်။
ကျုပ်လည်း မနက်စာကိုစားပြီး။
ဟိုကောင် အောင်မောင်းနဲ့သာလှတို့ညီကိုနှစ်ယောက် ဆီဖုန်းဆတ်လိုက်တယ်။"အေးးးသာလှ မင်းတို့ငါ့တိုက်ကြက်ဖ ခွပ်လတ်ချမလို့ဆို ဘယ်ကြက်နဲ့ချမှာလဲ.."
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..