Unicode
ယမကာဂမုန်း ချိန်သီးအိမ်မှ ကိုရံကြီးဂမုန်းပင်ပျိုးယူပြီး အိမ်ကိုအမြန်ပြန်ရန်ဆိုင်ကယ်ကို ခပ်မြန်မြန်မောင်းလာ၏။
ညနေ၅နာရီလောက်ဖြစ်နေပြီမို့ အိမ်ကနွားတစ်ရှဥ်းကို ပြန်သိမ်းရတော့မည်။
မြက်စားရန် မနက်ထဲကလွှတ်ထားခဲ့တာမို့ အဘ သိရင်သူတော့အဆူခံရဦးမယ်။
သောက်ထားတဲ့ ထန်းရည်အရှိန်လေးလည်း မရှိတော့ ဒါပေမယ့် ဟိုခွေးသူတောင်းစားကိုတော့ ဒေါသအရှိန်မပြယ်သေး။ရုပ်က ပြောင်စပ်စပ်၊ နှုတ်ခမ်းမွှေးက ငါးခူနှုတ်ခမ်းမွှေး နဲ့ ကျက်သတုန်းကောင်။
စောက်ခွက်ကိုဖျက်ရိုက်ချင်စရာကောင်းလွန်းလှတယ်။
ဘယ်ဘဝက ရေစက်ကြောင့်ဒီသူတောင်းစားနှင့် အိမ်မျက်နှာချင်းဆိုင်နေရသည်မသိ။ဟူးးးးးးစိတ်ရှုပ်ဖို့ကောင်းတဲ့ကောင်။
ကျက်သရေမရှိတဲ့ သူတောင်းစားအကြောင်းစဥ်းစားလာလိုက်တာ ရွာထဲတောင်ရောက်နေပြီ။
အိမ်ရှေ့တွင်ဆိုင်ကယ်ထိုးရပ်ပြီး မျက်နှာချင်းဆိုင်အိမ်ရှေ့ကို တစ်ချက်လှည့်ကြည့်လိုက်၏။
ရေနံချေးဝအောင်သုတ်ထားတဲ့ သစ်သားအိမ်ကြီးထဲဝယ် မည်သူမှရှိမနေ။
ဂမုန်းလည်း ဆိုင်ကယ်ပေါ်ကဆင်းပြီး ယူလာတဲ့ပျိုးပင်ကို အသာမပြီး ဝိုင်းထဲသာဝင်လာ၏။
အိမ်ရှေ့ ကွပ်ပစ်ပေါ်တွင် အဘက 'မယ်ဖူး' ဆေးပေါလိပ်ကို ခဲ ပြီ ကျုပ်ကိုခရီးဦးကြိုပြုသည်။"အမလေး....ငါ့သားအိမ်ပြန်လာသေးတာပဲဟ.."
"ကျုပ်ကအိမ်ပြန်မလာလို့ ဘယ်သွားရမလဲ အဘရဲ့..."
"မင်း...အိမ်ကနွားတွေပစ်ထားပြီး ဘယ်ကိုသဝေထိုးနေတာလဲ ယမကာဂမုန်း.. ဟိုမှာ မောင်သစ်မင်းတောင် နွားတွေပြန်သိမ်းဖို့လယ်ထဲဆင်းသွားပြီ"
အဘက ဆေးလိပ်ကိုတစ်ချက်ရှိုက်ဖွာပြီး မေးပြန်သည်။
အဘကလည်း သိရဲ့နဲ့...လေရှည်ပြီးမေးနေပြန်ပြီ။
ကိုယ့်သားက ထန်းတောရယ်၊အိမ်ရယ်၊လယ်ထဲရယ်သာရှိနေတတ်တာကို။"ကျုပ် ထန်းတောကိုသွားနေတာဗျ...အခုတောင်ညီလေးချိန်သီးတို့အိမ်က ဂမုန်းပင်တောင်ပျိုးယူလာသေးတယ်...ကျုပ်ပြီးရင် နွားတွေသွင်းလိုက်ပါ့မယ်ဗျာ လောလောဆယ်တော့ အပင်လေးစိုက်လိုက်ဦးမယ်... ဒါနဲ့ ဖိုးခွားတစ်ယောက်ကော မတွေ့မိပါလား.."
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..