အပိုင်း(၉)

18.4K 1.4K 87
                                    

                        Unicode

"အီးးးးးဟီးးးးး ဗြဲ.....တိုကြီး ဂမုန်းရေ!!"

နွားတင်းကုတ်မှာ...မိဖြူနဲ့မိပြာကိုနွားစာစဥ်းကျွေးနေတုန်း ဝိုင်းအပြင်မှ ဖိုးခွားငိုပြီးပြန်လာသည်။
အင်းးးကြည့်ရတာ ကျက်သရေမရှိတဲ့ဟိုခွေးသူတောင်းစား ကလေးကိုစလိုက်ပြန်ပြီထင်တယ်။
အိမ်ရှေ့မကျည်းပင်အောက်ရှိ ကွပ်ပစ်တွင် အကြမ်းရည်ထိုင်သောက်နေသော အဘက ဘာဖြစ်လာတာလဲ ဆိုတဲ့အကြည့်ဖြင့် ကျုပ်ကိုမေးသည်။

"ဖိုးခွား...ဘာဖြစ်လာတာလဲ... သားကို သစ်မင်းမောင် စလိုက်လို့လား.."

ယမကာဂမုန်း မေးလိုက်၏။ဖိုးခွားလေးက ငိုမြဲငိုနေသည်။
ဂမုန်းလည်း ပုဆိုးကိုတိုတိုပြင်ဝတ်ပြီး ဖိုးခွားလေးအရပ်နှင့်မှီအောင် ဒူးတုတ်ထိုင်လိုက်၏။ထိုနောက် ဖိုးခွားကိုချော့ကာမေးလိုက်သည်။

"ဖိုးခွား...သား...ဘာလို့ငိုလာတာလဲ ကိုကြီးဂမုန်းကိုပြောလေ..."

"အီးးးးးဟီးးးး!!တားကိုလေ ရွာတောင်ပိုင်းက ချက်ကြီးအမေကပြောတယ် တားကတိုကြီးတို့မွေးစားထားတာတဲ့ ...တားမှာ အဘရယ်အမိုး ရယ်မရှိဘူးတဲ့..ပြီးတော့...ဟင့်....ချက်ကြီးကရေ တူ့မှာ အစ့်....အဘနဲ့အမိုးရှိတယ်တဲ့.."

"တူပြောတာမှန်တယ်ယေရို့...တားမှာမှ အဘနဲ့အမိုးမှမရှိတာ အဲ့ကြောင့်...အဲ့ကြောင့် တားငိုလာတာပါ တိုကြီးဂမုန်း... တား...တား...ဝမ်းနည်းယို့ပါ..အီးးးး!!"

"တောက်!!...ချက်ကြီးဆိုတာ ဟို မငွေခင်ရဲ့ဗိုက်ပူပူနဲ့ကလေးလား...သူ့အမေက ဖိုးခွားကိုပြောလိုက်တာလား အဲ့လို.."

"ဟုတ်တဲ့..."

ဂမုန်းရဲ့ဒေါသများ ငယ်ထိပ်သို့ဆောင့်တတ်သွားသည်။
ဟုတ်တယ်..ဖိုးခွားကို ဝါးပင်ဘေးမှာ သစ်မင်းမောင် နဲ့ကျုပ်နဲ့တွေ့လို လုထားကြတာ။
လုတာတောင် ဘုန်းဘုန်းဆီမှာ တစ်ဘဝလုံးတာဝန်ယူဖို့အတွက် အနမ်းတစ်ပွင့်ပေးပြီးလုထားရတာ စောမူလား ဟာ သူအတွက်တော့သားတစ်ယောက်လိုပဲ။
ရာရာစစငါ့ ကလေးကိုများ အဘနဲ့အမိုးမရှိဘူးတဲ့...အဘနဲ့အမိုးရှိလားမရှိလား ဟောဒီကဂမုန်းပင်က ပြရသေးတာပေါ့။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now