Unicode
နေ့လယ်အချိန်မို့ နေကလည်းခေါင်းပေါ်သို့အရှိန်ပျင်းစွာ ထိုးကျနေသည်။
ကြာလာတာနှင့်အမျှ အပူဒဏ်ဟာပိုပို၍ပြင်းလာခြင်းကြောင့် ယမကာဂမုန်း မောဟိုက်ကာ နှဖူးတွင် ချွေးများတောင် ထွက်နေချေပြီ။
ကသင်းပေါ်သို့ ပေါက်တူးကိုပစ်ချပြီး ခပ်ယိုင်ယိုင်လယ်စောင့်တဲထဲသို့ ပြန်ဝင်လာသည်။
ထိုနောက် သောက်ရေအိုးစင်က ရေတစ်ခွက်ကိုတကျိုက်တည်းမော့သောက်လိုက်သည်။ဟူးးးးးးအမောကိုပြေသွားတာပဲ..။
ရေအိုး၏အောက်ခြေတွင် သဲကြမ်းများထည့်ထားသည့်အတွက်ကြောင့် ရေဟာအေးလှသည်။
ရေသောက်ပြီးကာကျ တဲထဲဝင်ထိုင်ကာ အိမ်ကထည့်လာသော နေလည်စာကို စားသည်။
သူကိုယ်တိုင်ချက်ထားတဲ့ ငါးဆားနှယ်ဟင်းနှင့် ပုစွန်ကြော်..ဒီနေ့အဖို့တော့ထမင်းမြိန်လှသည်။
ထိုနောက် စားသောက်ပြီးတော့ သူများတွေလိုအချိုတည်းခြင်း မဟုတ်တဲ့ ယမကာဂမုန်း ရဲ့ အခါးရည်တည်းခြင်း..။ထန်းရည်အခါးအိုး ကိုမော့ပြီးအာသာပြေအောင် သောက်သည်။
" ဟျောင့်! !"...ဂမုန်း! !"
"ဖူးးးးးးးအဟွတ်...အဟွတ်..."
ထန်းရည်မော့သောက်တုန်းရှိသေး တဲအရှေ့ပေါက်မှ အောင်မောင်းက အမောတကြီးနှင့်သူ့အရှေ့ဘွားခနဲပေါ်လာသည်။
လန့်သွားတာကြောင့်..သောက်နေတဲ့ထန်းရည်တောင် သီးပြီး ချောင်းတွေတဟွတ်ဟွတ်ဖြင့်...။" ီးလိုမှပဲ...အောင်မောင်း ဘာဖြစ်လာတာလဲ.."
ဂမုန်းကထန်းရည်အိုးကိုဘေးသို့ချပြီး...မကျေနပ်သလိုပြောတယ်။
ဒါပေမယ့်...အောင်မောင်းဟာ အမောမပြေသေးပဲ ရင်ဘက်ကိုဖိပြီး အသပ်ကိုဝအောင်ရှူနေသည်။သူ့ပုံစံဟာ တကယ်ကိုလောနေပြီး...ကြောက်စရာအကောင်တစ်ကောင်ကိုမြင်လာသည့်နှယ်..။"ဟောဟဲ...ဟောဟဲ... ဟောဟဲ... ဟို...ဟို..."
"ကျစ်...ီးလိုပဲကွာ...ပြောစရာရှိတာပြော ဟ..
ရွာထဲကိုသာ လက်ညှိုးထိုးပြီး တဟိုဟိုနှင့်။
ကြာလာတော့ ဂမုန်း စိတ်မရှည်လို့အော်လိုက်မိသည်။
![](https://img.wattpad.com/cover/335702656-288-k478955.jpg)
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Lãng mạn" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..