Unicode
လယ်ထဲရေတင်ပြီးတာကြာပြီမို့...လျှိုချောင်းတွေထဲမှ ကွင်းငါးများဝင်နေချေပြီ။
ငါးရံ့ ၊ငါးပြေမ ၊ ငါးဖီးမ စတဲ့ငါးလေးတွေရလိုရငြား သစ်မင်းမောင်တို့သူငယ်ချင်းအုပ်စု ငါးဖမ်းရန်ထွက်ခဲ့ကြသည်။
ငါးထည့်ပလိုင်းကို ဘေးတစောင်းလွယ်ပြီး သူရယ် တိုးကြီးရယ် ဆားရေဆိမ်ရယ် ထွက်ခဲ့ကြ၏။"သစ်မင်းမောင်..ငါတို့လျှို့ဝှက်နေရာကို ဟိုကောင် ယမကာဂမုန်းတို့များအရင်ရောက်နေပြီလားမသိဘူးနော်.."
"အေးဟုတ်သား...အရင်ထဲကမှ အဲ့ခွေးကောင်ကအရင်လက်ဦးနေတာ ဒီတစ်ခါအရင်ဦးလို့မဖြစ်ဘူး...သားကြီးတို့ လာ..မြန်မြန်သွားကြမယ်.."
သစ်မင်းမောင် တို့အုပ်စု တသုတ်သုတ်ဖြင့်ထွက်လာခဲ့ကြတယ်။
ဟိုကိုရောက်တော့ ထင်နဲ့အတိုင်း ဟိုခွေးကောင်အုပ်စုက အရင်ဦးနေကြသည်။
စွပ်ကျယ်အဖြူဝတ်ထားတဲ့ ယမကာဂမုန်းတစ်ကိုယ်လုံးရွံ့တွေပေကျံကာ အကျီအဖြူမှနွံရောင်တောင်ပေါက်နေပြီ။
သာလှနဲ့အောင်းမောင်းကလည်း ပုစွန်းလုံးနှိုက်နေတာ ဖင်ကိုထောင်လို့..။" ဟျောင့်... ယမကာဂမုန်း.. မင်းငါ့တို့လာမယ်မှန်းသိလို့ မင်းကြိုပြီးရောက်နေတာမလား.."
သစ်မင်းမောင် ကခါးထောက်ပြီးဆိုသည်။
သစ်မင်းမောင် အသံကိုကြားတော့ ဂမုန်းကခေါင်းမော့ကာကြည့်ပြီး..။"မင်းီးစကားတွေသိပ်ပြောတာပဲနော်...ကိုယ့်ကိုကိုယ် $အထင်တွေကြီးပြီး ဖင်ခေါင်းမstar နဲ့...ဖင်မယားနဲ့ ီးကောင် ဖင်ယားတာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတယ်..."
" ငါဘာသာဖင်ယားတော့ဘာဖြစ်လဲ...ငါမင်းကိုလာ ီုးနေလို့လား ဟမ်!! ဖင်ယားတော့ရော မင်းလက်နဲ့ကုတ်ပေးရလို့လား..."
သစ်မင်းမောင်ပြောတော့ ဂမုန်းက မဲ့ကာဆိုသည်။
"အေးဟုတ်တယ်...ငါမင်းရဲ့တင်ပါးဖြူဖြူလေးကိုကုတ်ချင်တယ်ဆိုရင်ရော မင်းဘာလုပ်မလဲ...ပြီးတော့ ဘယ်ဘက်တင်ပါးက မှဲ့နက်ကလေးကိုလည်းတစိမ့်စိမ့်ကြည့်ရင်း..."
"ဟေ့ကောင်...ခွေးသူတောင်းစား ဂမုန်းပင် မင်း...မင်း...နှာဘူးကောင် ငါတင်ပါးမှာမှဲ့ရှိမင်းဘယ်လိုလုပ်ပြီး သိလဲ.."
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..