Unicode
" ဖိုးခွား.. ကိုကြီးဂမုန်းတို့ပင်ပန်းနေလောက်ရောပေါ့...သူဘာသာနားပါစေ.."
"ဟင့်အင်း... ရဝူး...တား တိုကြီးဂမုန်းနဲ့ပဲအိပ်မှာ.."
တစ်မနက်စာလုံးအကောင်းကြီးကိုမှ ညဘက်မိုးချုပ်ခါမှ ဖိုးခွားလေး ထကောက်သည်။
ကိုကြီးဂမုန်း နဲ့ပဲအိပ်မည်ဟု တေပြာနေသည်။
ဦးဖိုးထွေးကဖြူနေပြီဖြစ်တဲ့ ဆံပင်များကိုတဗြင်းဗြင်းသာဆွဲကုတ်နေမိသည်။
ခေါင်းဦးနဲ့ ဖက်လုံးကိုပိုက်ပြီး ဂမုန်းတို့အိပ်ခန်းထဲဝင်ရန်ပြင်နေတယ်။
တစ်မနက်စာလုံးပင်ပန်းနေကြသည်မို့ အားလုံးနားချင်ကြမှာအမှန်။
ဖိုးခွားလေး အလိုက်ကန်းဆိုးမသိ။ဦးဖိုးထွေး ပြောပြပြန်ရင်လည်း ဘာမှနားမလည်သေးသည့်ကလေးမို့ မဖြစ်သေး။
ချော့ပဲပြောကြည့်ရမှာပဲ။"သား...ဖိုးခွား အဘကမနက်ကျ သကြားလုံးဝယ်ကျွေးမယ်လေ...သားက ဒီညတော့ အဘနဲ့ပဲအိပ်နော်.."
ဦးဖိုးထွေး လေသံအေးအေးဖြင့်ဆိုသည်။
အဲ့လို ပြောမှ ဖိုးခွားလေးကပိုဆိုးပြီး ကောက်လေသည်။"ဟင့်...မရဝူး...တား တိုကြီးဂမုန်း နဲ့ပဲအိပ်မှာ.."
"ဟ!!..သားကိုကြီးက အခုလင်ရသွားပြီလေ...သူ့လင်နဲ့ပဲအိပ်မှာပေါ့...မင်းနဲ့အိပ်မလား.."
"မရဘူးဂျာ...တား သူဆို့နှစ်ယောက်ရဲ့အလယ်ကအိပ်မှာ.."
ဦးဖိုးထွေး တားနေသည့်ကြားမှာ အတင်းတိုးကာရုန်းထွက်သွားသည်။
နောက်ဖေးအခန်းထဲရောက်တော့ အိပ်ယာထဲတွင် တိုကြီးဂမုန်းနဲ့ တိုကြီးသစ်မင်းက တသ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထိုင်နေကြသည်။
ဖိုးခွားဝင်လာတာမြင်မှ...ဂမုန်း ပျာပျာသလဲကျုံးထလာတယ်။"ဖိုခွား... ဘာဖြစ်လိုလဲသား...မအိပ်သေးဘူးလား.. အဘက အိပ်ဖို့စောင့်နေဦးမယ်... "
ဂမုန်းက ဖိုးခွား၏နှာဖူးထက်မှ ဆံပင်လေးများပို သပ်ကာ ဆို၏။
"တား...တိုကြီးဂမုန်း နဲ့အိပ်မလို့.."
"ဟေ!!"
"ဘာ..!!"
သစ်မင်းမောင် ၏နှတ်ဖျားမှ 'ဘာ' ဆိုသော တအံ့တသြရေရွှတ်မိသည်။
ဒါဟာ...အနှောင့်အယှက်..။
ဖိုးခွားဟာ..သူ့အတွက်အနှောင့်အယှက် ။
မဂ်လာဦးညကြီးမှာလေ...ကျုပ်နဲ့ဂမုန်းပင်နဲ့ ချစ်ကြည်နူးတစ်တစ်တူး ရမှာလေ။ဘာလို ဖိုးခွားက ကျုပ်တို့နဲ့လာအိပ်ရတာလဲ။
သစ်မင်းမောင် ဖိုးခွားကိုမကျေနပ်သလို ဘုကြည့်ကြည့်သည်။
![](https://img.wattpad.com/cover/335702656-288-k478955.jpg)
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..