Unicode
"မင်းတို့ထူးဆန်းတယ်..မထင်ဘူးလား.."
ရွာနောက်က ကုကိုုင်ပင်ကြီးအောက်တွင် ဆားရေစိမ် ၊ တိုးကြီး ၊အောင်မောင်းနှင့်သာလှတို့ထိုင်နေကြသည်။
သာလှက စပြီးစကားဆိုသည်။
ဒီရက်ထဲ သစ်မင်းမောင်နှင့်ယမကာဂမုန်း တို့နှစ်ယောက် သိပ်မူမမှန်ချေ။ အပြောအဆိုများလည်း ပြောင်းလဲသွားတယ်လို့ထင်နေမိသည်။
အရင်ကဆို မျက်နှာချင်းဆိုင်တာနဲ့သတ်နေကြပြီး အခုရက်ပိုင်းများတွင်တော့ သစ်မင်းက ဂမုန်းအနားသို့သိပ်ကပ်လှသည်။
ဂမုန်းကလည်း လိုနေရင် 'မောင်' ဟုခေါ်ဆိုတတ်သေးသည်။
မဟုတ်ဘူး....သူတို့နှစ်ယောက်တစ်ခုခုတော့တစ်ခုခုပဲ။"ဟုတ်တယ်... ငါလည်းထူးဆန်းတယ်လို့ ထင်နေမိတယ် ..."
သာလှရဲ့စကားကို ဆားရေစိမ် ကပါဝင်၍ထောက်ခံသည်။
ကျန်နှစ်ယောက်ကလည်း စဥ်းစားဟန် အသံတိတ်နေကြသည်။"ဘာပဲဖြစ်ဖြစ် ငါကတော့သူတို့နှစ်ယောက်အခုလို တည့်နေတာမြင်ရင်ကျေနပ်တယ်.. မဟုတ်ပဲ နှစ်ယောက်စလုံးခွေးစိတ်ပေါက်ပြီး ထ ထ ကိုက်ရင် ငါတို့တွေက ကြားထဲကစကွင်းမလွတ်ဘူး.."
"ဟုတ်တယ်... အဲ့ဒါတော့။
တကယ်ပါဗျာ!!...သူတို့နှစ်ယောက်မတည့်ရင် ကျုပ်တို့ကပါ သူကြီးရဲ့ထိပ်တုံးနဲ့မိရော..။ ဒီကြားထဲ မြရီနဲ့ခင်ထား ကိုသွားသွားပိုးပန်းလို့ လေးခွစာကမိသေးတယ်။
ဟူးးးးးးကောင်းတယ်..ကောင်းတယ် သူတို့နှစ်ယောက်အဆင်ပြေပြေရှိနေတာ ကောင်းတဲ့အရာတစ်ခုပဲ...။
လေးယောက်သား ရဲ့စိတ်ထဲတွင်တော့ ထိုသို့သာတွေးမှတ်ထားလိုက်သည်။.
.
.
"မြ...ဂမုန်းနဲ့သစ်မင်း ကိုကြည့်ရတာတစ်မျိုးပဲနော်... ခင် တို့လိုပဲ...သူတို့လည်းဟုတ်နေမလား...""ဟုတ်ပါ့မလား...ခင်ရယ်...မြတော့မထင်ဘူးနော်...သစ်မင်းနဲ့ဂမုန်းက တည့်ကြတာမှမဟုတ်တာ ခင် လည်းသိနေရဲ့သားနဲ့..."
"မြရယ်...ချစ်ခြင်းရဲ့အစ..မတည့်ခြင်းကတဲ့ ...မြနဲ့ခင်တောင် တဣသိုလ်တုန်းကတည့်လို့လား...နောက်ဆုံးနှစ်ရောက်မှ ခင်ရဲ့ခံစားချက်တွေဖွင့်ပြောပြမှ မြ လက်ခံပြီးတော့.. "
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..