Unicode
~~~ပန်းစံပယ်..သြော်...နန်းလယ်မပေါ်ခိုက်တာမို့... အလိုက်တော့တန်သင့်ယုံပ့ ခံပွင်းကိုကုံးရတယ် တစ်ချိန်တုန်းက ထွေးညို လေးရယ်..အေ့..!!~~~
"ဂေါက်...အ့!! ီးမို့လို့ခေါက်တာလား ခွေးသားရဲ့.."
ထိပ်တုံးကလွှတ်ပြီး သူတို့ခြောက်ယောက် ထန်းတောကို အတူထွက်ခဲ့ကြ၏။
တစ်ညလုံးခြင်ကိုက်တောထဲ အိပ်ခဲ့ရတဲ့ခံစားချက်ကြီးကသိပ်မကောင်းလှပါ။
ထိပ်တုံးက လွှတ်တော့ ထန်းတောသွားရန် ယမကာဂမုန်း ကအဖော်စပ်သည်။
အားလုံးလည်း ပါးစပ်ထဲအရည်မထည့်ရသေးတာကြောင့် သွားရန်ဆုံးဖြတ်လိုက်သည်။
ဆေးရိုးပင်အောင် ထန်းရည် အခါး ၄မြူ(၄အိုး)မှာထားသည်။အမြည်းကတော့ မယ်မယ်ရရမဟုတ်ပါ အာပဲခြောက်ဆီဆမ်းလေးနှင့်မြေပဲလှော်သာဖြစ်၏။
နှစ်ဖွဲ့စလုံးက မတည့်ကြပေမယ့် ဒီလိုအချိန်မျိုးမှာတော့ ညီညွှတ်ကြပါရဲ့။~~~ပန်းစံပယ်..သြော်... နန်းလယ်မပေါ်ခိုက်တာမို့... အလိုက်တော့တန်သင့်ယုံပ့..ခံပွင့်ကိုကုံးရတယ် တစ်ချိန်တုန်းက ထွေးညိုလေးရယ်...အေ့!!~~~
"ဂေါက်!! အ့..! ီးမို့လို့ခေါက်တာလား ခွေးသားရဲ့.."
ပါးစပ်ထဲအရည်လေးဝင်ပြီမို့ အာလေးလျှာလေးနှင့် ဂမုန်းပင်က ထွေးညို သီချင်းထဆိုသည်။
အဲ့ဒါကို ဘေးမှာ မြေပဲဝါးနေသော သစ်မင်းမောင် က ခပ်ဆတ်ဆတ်လေး ခေါက်လိုက်၏။"ီးမို့လို့ မင်းက ထွေးညို သီချင်းဆိုတာလား...မင်းကြိုက်နေတာ မြရီ ဆို မြရီသီချင်းဆိုပေါ့ကွ.."
"အမ်...မြရီ..မြရီသီချင်းမှ ငါမရတာ..မင်းရလား.. သစ်မင်းမောင် ဟျောင့်တွေ မင်းတို့ရော မြရီ သီချင်းရလား.."
"အေ့...ဂစ်.. မြရီ သီချင်းတော့ မရဘူး ဗေဒါရီသီချင်းပဲရတယ်.."
ဆားရေစိမ်က လေချဥ်တတ်ပြီးပြော၏။
"မင်းတို့ကလည်းကွာ...ငါကြိုက်တာ မြရီကွ...ဗေဒါရီမှမဟုတ်တာ အဲ့ဆိုလည်းကွာ စုံတွဲသီချင်းလေးဆိုရအောင်...နော် သစ်မင်းမောင်.. "
ဂမုန်းက ရီရီဝေဝေအကြည့်များဖြင့်ပြော၏။
သစ်မင်းမောင် မျက်မှောင်ကုတ်ပြီး 'ဘာလို့ ငါလဲ' ဆိုတဲ့အကြည့်ဖြင့်ကြည့်သည်။
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..