Unicode
~~~ဆွမ်းအုပ်နီနီ..အမေရွက်လို့ နက်ဖြန်သဘက်ကျောင်းတတ်မယ်...
မောင်လည်းလိုက်မယ်..ချန်မထားနဲ့ အမေ
သွားတော့ပျင်းလှတယ်...ကျောင်းကြီးပေါ်မှာ မောင်မဆော့နဲ့...ဘုန်းကြီးအော်လို့ရိုက်လိမ့်မယ်..
မောင်မဆော့ပါ စိတ်ပုတီးနဲ့ ဘုန်းတော်ကြီးလိုနေပါ့မယ်...
လိုက်မယ်...လိုက်မယ်..~~~
သစ်မင်းမောင်...ယမကာဂမုန်း တို့အိမ်ရှေ့ကွပ်ပစ်တွင် ထိုင်ပြီး..သူတို့ငယ်ငယ်ကဆိုခဲ့သောသီချင်းကို ဖိုးခွားလေးကိုပြန်လည်ကာဆိုပြနေသည်။
ဖိုးခွားက အမြဲမှားဆိုနေခြင်းကြောင့် သစ်မင်းပြန်ပြန်ဆိုပြနေတာ ယခုအခါနှင့်ဆို၇ခေါက်ရှိလေပြီ..။"ဖိုးခွား...ရပြီလား...ပြန်ဆိုကြည့်စမ်း...ဒီတစ်ခါမမှားစေနဲ့.."
"ဟုတ်ကဲ့... အဟမ်း!!"
ဝက်သာဖတ်!!..ီးကလေးက သီချင်းဆိုဖို့အရေး အဟမ်းးး ကဘာလုပ်တာလဲ။
လူလေးက လက်တောက်လောက်လေးနဲ့...ဆရာကြီးစတိုင်။
ထိုအချိန် ယမကာဂမုန်းက အိမ်ပေါ်ထက်မှ လက်ဖက်ပန်းကန်နဲ့အတူ ထန်းရည်အိုးကိုကိုင်ကာ သူတို့အနားလာထိုင်သည်။"ရော့...လက်ဖက်စား...ထန်းရည်ကငါ့အတွက်..."
ပြောပြီး အိုးလိုက်တကျိုက်မော့သည်။
"ကဲ...ဖိုးခွား ကဗျာစာသားမှားနေလို့...မင်းကိုကြီးသစ်မင်းကပြန်ပြန်ရွတ်ပြနေတာလား...ဆိုကြည့်စမ်း..ကိုကြီးဂမုန်း နားထောင်မယ်.."
~~~ဆွမ်းအုပ်နီနီ တိုကြီးသစ်မင်း ရွက်လို့...နက်ဖြန်တဘက် ကျောင်းတတ်မယ်..
မောင်လည်းလိုက်မယ် ချန်...~~~
ခွီးးးးး
"ဖိုခွား...ကိုကြီးက ဘယ်ကဆွမ်းအုပ်ကိုရွက်ရမှာလည်း.."
"တိုကြီးက သားအမိုး ဆို..."
ဂမုန်း မနေနိုင်အောင်ခွီးးးမိသည်။ ဒါကိုသစ်မင်းမောင်က သူ့ကိုမကျေနပ်သလိုလာကြည့်တော့ ကျုပ်ကလည်း ဘာလဲ ဆိုတဲ့အကြည့်နဲ့ပြန်ကြည့်ပါ့လိုက်တယ်။
![](https://img.wattpad.com/cover/335702656-288-k478955.jpg)
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..