Unicode
ရူးပေါက်ချင်သည့်စိတ်ကြောင့် ဖိုးခွားလေးလန့်နိုးလာသည်။
ကိုကြီးဂမုန်း ကိုအိမ်သာလိုက်ပို့ခိုင်းမလို့ အိပ်ယာဘေးကိုစမ်းကြည့်တော့ ကိုကြီးဂမုန်းရှိမနေ။
ညကသူအိပ်သည့်အချိန်အထိဘေးနားတွင်ရှိသေးသည်။
ထိုကြောင့် အိပ်ယာထဲမှထပြီးအိမ်ရှေ့ကိုထွက်လာပြီး ရေနံဆီမီးခွက်လေးကိုမီးထွန်းသည်။
ဘုရားခန်းရှေ့တွင် အိပ်နေသောအဘရဲ့ခြင်ထောင်ထဲသို့ ဖိုးခွားလေးဝင်ပြီး...။"အဘ...အဘ..ရေ.."
"ဟင်....အင်းးးးသားဖိုးခွား ဘာဖြစ်လိုလဲကွ.."
အအိပ်စက်သူမို့ ဖိုးခွားရဲ့လက်ကိုအသာပုတ်နိုးမှုကြောင့် ဦးဖိုးထွေးနိုးလာသည်။
အိပ်ချင်မူးတူးပုံစံကိုမှ စိတ်ဆိုးသလိုနှုတ်ခမ်းဆူမှုကြောင့် တစ်ခုခုတော့ဖြစ်နေပါပြီ။"အဘ...တိုကြီးဂမုန်း... အိပ်ယာထဲမှာမရှိဘူး.."
"ဟမ်!! သားကိုကြီးကဒီအချိန်ကြီးဘယ်သွားလိုလဲ...သားနည်းနည်းဖယ်ပေး အဘ တိုင်မှာကပ်ထားတဲ့နာရီကိုမမြင်ရလို့.."
ခြင်ထောင်ထဲမှထွက်ပြီး နာရီကိုကြည့်လိုက်တယ်။
မနက်၃နာရီခွဲဖို့၅မိနစ်သာလိုတော့သည်။"သားကိုကြီးက ရေအိမ်တွေဘာတွေသွားတာနေမှာပေါ့..."
"တား တော့ အဲ့လိုမထင်ဘူးနော် အဘ...တိုကြီးဂမုန်းကလေ တစ်ခါတလေ တိုကြီးသစ်မင်းနဲ့သွားသွားအိပ်တတ်တယ်.."
"ဟေ!!...ဟုတ်သလား.."
"ဟုတ်တယ်..တား တို့သွားကြည့်ရအောင် အဘရာ.."
"အခုထသွားတော့ သားအဘကြီး ဘသောင်းနိုးသွားမှာပေါ့.."
"အီးးးးဟီးးးးးဗြဲ....ရွှတ်...မရဝူး....တားတွားကြည့်မှာ....မရဘူးယို့...လိုက်ပို့...လိုက်ပို့ယို့..."
ညအချိန်မတော် အသံပြဲကြီးနှင့်ငိုယိုနေခြင်းကြောင့် ဦးဖိုးထွေးမနေနိုင်။
ဖိုးခွားကိုလက်ကဆွဲပြီး ဘသောင်းအိမ်သို့ ဓာတ်မီးထိုး၍လာခဲ့သည်။
ခြံတခါးပိတ်ထားသည်မို့ ကိုယ်ဘာသာပဲအသာတွန်းဖွင့်ပြီး ဝင်ခဲ့လိုက်တယ်။
အိမ်ပေါ်ကိုရောက်မှ ဘသောင်းကိုအသံခပ်အုပ်အုပ်ဖြင့် နိုးလိုက်သည်။
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..