Unicode
ဖျက်ခနဲ လန့်နိုးလာမှုကြောင့် သစ်မင်းမောင် အသိစိတ်က ညကလှုပ်ရှားမှုပုံရိပ်များကိုပြန်လည်မြင်ယောင်ကာ အိပ်ယာဘေးသို့လျင်မြန်စွာကြည့်လိုက်မိသည်။
"ဟင်..!!"
သူ့ဘေးတွင် ဂမုန်းပင်ရှိမနေတော့။
သူ့လည်းပဲ ညကအတိုင်းအဝတ်အစားများရှိမနေ။
ပုဆိုးကိုအမြဲစွတ်ပြီး...အိမ်ရှေ့သို့အမြန်ပြေးထွက်လာမိသည်။
ခြံရှေ့က မကျည်းပင်ကြီးအောက်တွင် ဆိုင်ကယ်ကိုအသင့်ပြင်ပြီး..ဂမုန်းက သွားစရာရှိသည်ထင်။
သစ်မင်းလည်း အမြန်ပဲခြံတံခါးကိုဖွင့်ပြီး.ဂမုန်းဆီလျှောက်သွားလိုက်တယ်..။"ဂမုန်းပင်...ဘယ်သွားမလို့လဲ.. !"
"ပန်းတိုင်စျေးသွားမလို့လေ..ဖိုးခွားရှင်ပြုဖို့လိုအပ်တာတွေသွားဝယ်ရမယ်.."
ဆိုင်ကယ်ထဲ ဆီဖြည့်ရင်း ဂမုန်းကမော့မကြည့်ပဲဆို၏။
ဖိုးခွားအတွက်စျေးဝယ်သွားရမယ်ဆို...ကျုပ်လည်းလိုက်မှဖြစ်မယ်..။"မောင် ပါလိုက်ခဲ့မယ် ခဏစောင့်..."
အိမ်ပေါ်ကိုအမြန်ပြေးတတ်ပြီး လက်ရှည်တစ်ထည်ကိုကောက်စွပ်သည်။
ထိုနောက် ဝါးခမောက်ကိုဆောင်းပြီး ဂမုန်းရှိရာဆီသို့ပြေးပြန်သည်။"ဂမုန်းပင်... !!
"ဘာလဲကွာ...သွားမယ်..!!"
"ဟို...ဟိုလေ..မောင်ညက ကိစ္စအတွက်တောင်း...တောင်းပန်ပါတယ်..!!"
"မလိုဘူး...ငါမင်းကို အဖြေပေးခဲ့တာမဟုတ်ဘူးနော်...ဒီအတိုင်းမကြည့်ရက်ခဲ့လို့...မင်းတောင်းထားတဲ့အဖြေကို ငါစဥ်းစားနေတုန်း...!"
"ဟုတ်ကဲ့.. !!"
"အခု...မောင် ဆိုင်ကယ်မောင်းမယ်လေ...ဂမုန်းပင်ကအနောက်ကလိုက်စီး..!!"
သစ်မင်းမောင် ကဆိုင်ကယ်ပေါ်အတင်းတတ်ခွသည်။
ဂမုန်းကလည်း အနောက်မှခွစီးပြီး..။"မင်း...အမြန်မောင်းတတ်လား. ??"
"မောင်းတတ်တယ် ဂမုန်းပင်... "
"အဲ့ဒါဆို ဖြည်းဖြည်းပဲမောင်း.."
သစ်မင်းလည်း ဆိုင်ကယ်လေးကိုမဖြေးမမြန်လေးဖြင့်သာမောင်းလာ၏။
ကတွယ်ရွာကို ကျော်ပြီးမှ ရန်ကုန်.ပုသိမ်လမ်းပေါ်ရောက်တာမို့..သူတို့မနက်စောစောထလာကြသည်။
နေပွင့်ရင် စျေးကလူကျပ်သည်။
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..