Unicode
"ဂမုန်း ငါတို့ထန်းတောသွားရအောင်.."
ဂမုန်း လယ်ထဲအတွင်းသို့ရေမြောင်းဖောက်နေတုန်း သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ဆားရေစိမ်၊ သာလှနှင့်အောင်မောင်းတို့အုပ်စုရောက်လာပြီး ထန်းတောသွားရန်လာခေါ်သည်။
အလုပ်မအားရတဲ့အထဲ စားဖို့သောက်ဖို့ဆိုလာလာခေါ်ကြသော ဒင်းတို့ကို ဂမုန်းသိပ်ကြည့်မရတော့...။"မင်းတို့အလုပ်မရှိအကိုင်မရှိပဲ ဒီလိုအလေ လိုက်နေတာ ဟူးးးးးမင်းတို့အမေတွေအစားငါရင်လေးတယ်.."
"ဂမုန်း...မင်းက ရင်လေးတယ်တယ်ဆိုရအောင် မြရီတို့ခင်ထားတို့လို့ ပေါက်စီပါလို့လား..."
"ဒီခွေးသား.. !!"
စောက်ခွက်ပြောင်နေသော အောင်မောင်းကို ဂမုန်းဆဲရေးလိုက်တယ်။
သူလည်းအကြံတစ်ခုကိုရသွားပြီး...။"မင်းတို့မှာ ဒီနေ့အဖို့အလုပ်ရှိကြလား??..."
"ဟာ...ဘယ်ရှိမလဲကွာ...အဲ့တာကြောင့်ငါတို့အားနေလို့ ထန်းတောသွားဖို့မင်းကိုလာခေါ်တာပေါ့.."
"အင်းးးးးအဲ့ဒါဆိုမင်းတို့ကိုငါအလုပ်ပေးမယ်...ပိုက်ဆံလည်းပေးမယ်ကွာ...ဘယ်လိုလဲလုပ်ကြမလား..."
ဂမုန်းပြောတော့ အားလုံးကတွေးစစနှင့်။
သူတို့လည်း ဒီနေ့အဖို့အလုပ်မရှိသည်မို့ လက်ခံရန်ဆုံးဖြတ်လိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ပိုက်ဆံ၁၀၀၀သည်လည်း တန်ဖိုးကြီးလှသည်။
ဒီတိုင်းနေရင် အလိုလိုငွေဝင်လာမှာမှမဟုတ်တာ။"အေးးးးလုပ်မယ်ကွာ..မင်းတို့ကော လုပ်ကြမလား ဟျောင့် တွေ..."
"အေးကွာ..လုပ်မယ်...ဘာလုပ်ရမလဲသာပြော.."
"မင်းတို့ငါ့ကို ရေမြောင်းဝိုင်းဖောက်ပေးကြလေ...ငါတစ်ယောက်ကို ၅၀၀၀ပေးမယ် အဲ့အပြင်ညနေကျ ထန်းရည် ၂မြူ(၂အိုး) ပါအစစ်လိုက်တိုက်မယ်..."
" ဟ...တန်လှချည်လား....ဘယ်မလဲပေါက်တူး..အခုပဲလုပ်ပြီဟေ့..."
သာလှက သဘောကျသလိုအားတတ်သရော ဆိုကာ ပုဆိုးကိုစလွယ်သိုင်းပြီး ပေါက်တူးလိုက်ရှာသည်။
တဲထဲတွင်ထည့်ထားတဲ့ ပေါက်တူး၃လက်ကိုတစ်ယောက်တစ်ချောင်းပေး လိုက်ပြီး အားလုံးတတ်ညီလက်ညီဖြင့် အလုပ်စလုပ်ကြတော့သည်။
နေ့လည်၁၁နာရီလောက်ရှိလေပြီ။
နေကခေါင်းတည့်တည့်ရောက်နေပြီမို့ သူတို့လေးယောက်၏ကိုယ်ပေါ်တွင် ချွေးများထွက်နေသည်မှာမြင်လိုမကောင်း။
ထိုကြောင့် ဂမုန်းကအလုပ်နားရန်အားလုံးကိုအော်ပြောလိုက်ပြီး...ခပ်ယိုင်ယိုင်လယ်စောင့်တဲထဲသို့ဝင်ကာ ထိုင်နေသည်။
တစ်အောင့်ကြာတော့ သာလှတို့အုပ်စုပေါက်တူးကို ထမ်းကာဝင်လာပြီးသူ့ဘေးတွင်ဝင်ထိုင်သည်။
ဆားရေစိမ်က ရေအိုးစင်မှရေတစ်ခွက်ကိုခပ်သောက်သည်။
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..