Unicode
"ဖိုးခွားရယ်..အခုထိ ဒီကဗျာကိုမှန်အောင်မဆိုနိုင်သေးဘူးလား.."
ကျောင်းပိတ်ရက်မို့ ဂမုန်းတို့ အိမ်ရှေ့ကွပ်ပစ်တွင် သစ်မင်းမောင် တို့သူငယ်ချင်းအုပ်စုထိုင်နေပြီး ဟာသဖောက်နေတဲ့ ဖိုးခွားကိုကြည့်ပြီးအူတတ်နေကြတယ်။
အခုချိန်ထိ 'ဆွမ်းအုပ်နီနီ' ကဗျာကို တလွဲဆိုနေတဲ့ ဖိုးခွားကိုကြည့်ပြီး သစ်မင်းမောင် ငိုချင်စိတ်ပေါက်လာသည်။"ဖိုးခွား... ဆွမ်းအုပ်ကို အမေရွက်မှာလေ..ကိုကြီးသစ်မင်းရွက်မှာမှမဟုတ်တာ.."
"တိုကြီးသစ်မင်းကလည်း တားက တိုကြီးကိုပဲရွက်ခိုင်းချင်တာ....တိုကြီးက တားအမေဆို အဲ့ဒါဆို ဆွမ်းအုပ်ကိုတိုကြီးပဲရွက်ပေါ့.."
"မဟုတ်သေးဘူးလေကွာ...ကဗျာမှာက ကိုကြီးသစ်မင်းလို့မပါဘူးလေ...အမေလို့ပဲပါတော့ အမေလို့ပဲဆိုနော်..!"
"ဟင့်အင်းးးးရဘူး...တား အဲ့လိုဆိုချင်ဘူး..."
ကြာသပတေးသား ပြောလို့ဆိုလို့မရ။ အရင်ကအမိုးကို ကျုပ်လုပ်မယ်ပြောထားတော့ ဖိုးခွားက ကျုပ်နာမည်ပဲဆိုနေသည်။
ဆားရေစိမ် ၊တိုးကြီး ၊ သာလှနှင့်အောင်မောင်းတို့က ဖိုးခွားဆိုတာကိုနားထောင်ပြီး ခွီးးလိုက်တာမှ ပြောမနေနဲ့ ကြာတော့ကျုပ်လည်းမျက်နှာတွေပူလာပြီ။
လက်လျော့ဟန်ဖြင့် ဂမုန်းပင် ကိုကြည့်တော့ ဒင်းလေးက ထန်းရည်အိုးထဲခေါင်းစိုက်နေသည်။"ဂမုန်းပင်...ဖိုးခွားကိုကြည့်ပြောပါဦးကွာ..မောင့်ကိုဆွမ်းအုပ်ရွက်ခိုင်းနေပြီ...မောင်ကဆွမ်းအုပ်ရွက်ကမယ့်သူမဟုတ်ဘူးနော် ဂမုန်းပင်.. "
သစ်မင်းမောင် ပြောတော့ ဂမုန်းကသောက်နေတဲ့ ထန်းရည်အိုးကိုဘေးသို့အသာချသည်။
ထိုနောက် ဖိုးခွားလေးကိုကြည့်ပြီး..။"ဖိုးခွား... ဆွမ်းအုပ်ကအမေ ရွက်ရမှာမှန်ပေမယ့် သား ကိုကြီးကမရွက်ချင်ဘူးလေ အဲ့တော့အတင်းမရွက်ခိုင်းနဲ့ ဟုတ်ပြီလား...ဖိုးခွားရှင်ပြုရင် ကိုကြီးဂမုန်းက ဆွမ်းအုပ်ရွက်ပြီးလိုက်ပို့ပေးမယ်.. အဲ့တော့သားက ထပ်ပြီးအသစ်မှတ်ထားရမှာက အမိုးနေရာမှာ ကိုကြီးဂမုန်းဖြစ်သွားပြီ ကြားလား...!!"
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..