let me be your husband again

8.7K 394 17
                                    

{ Unicode  + Zawgyi }

Unicode

ကျန်းရီဒေသရဲ့ စစ်ပြီးခေတ်ကာလ ပြန်လည်ထူထောင်ရေးက ထင်ထားသလောက် လွယ်ကူမြန်ဆန်မနေဘူး။ လိုအပ်တဲ့အရာမှန်သမျှ ထောက်ပံ့ပေးထားတာတောင် ခေါင်းဆောင်မကောင်းတဲ့အတွက် အကုန်လုံး သဲထဲရေသွန်ပဲ။ ဒါကြောင့်မို့ အထက်ကလူတွေဟာ ကျန်းရီဒေသကို အုပ်ချုပ်ဖို့အတွက် မြို့စားမင်း အသစ်တစ်ယောက် ခန့်အပ်ခဲ့တယ်။

သတင်းတွေအရဆိုရင် မြို့စားမင်းအသစ်က အသက်ငယ်ပေမဲ့ အေးတိအေးစက်နဲ့ မာရေကြောရေနိုင်တဲ့အပြင် စည်းကမ်းလည်း သိပ်ကြီးသတဲ့လေ။

ဒါပေမဲ့ သူ့မှာ နူးညံ့သိမ်မွေ့တဲ့ အမျိုးသားအိမ်သားလေးတစ်ယောက်လည်းရှိသေးတယ်ဆိုပဲ။
.
.
.

" ကြိုဆိုပါတယ် မြို့စားမင်းဝမ် "

ပြိုင်တူနှုတ်ဆက်သံက ရုံးတော်ထဲ ပျံ့လွင့်လာတယ်။
မြို့စားမင်းအသစ်ဆိုတဲ့လူက အဆောက်အအုံတစ်ခုလုံးကို ဝေ့ဝဲကြည့်နေတယ်။

စူးရှလွန်းတဲ့ မျက်ဝန်းတွေက သတင်းကြားထားတာထက်တောင် အေးစက်နေပါသေးတယ်။

" မြို့ထဲက ဗုံးဒဏ်ကြောင့် ပြိုသွားတဲ့အိမ်ရာတွေ
ပြန်ဆောက်လို့ မပြီးသေးဘူးကြားထားပေမဲ့ သည်ရုံးတော်ကတော့ သစ်လွင်လို့နေပါ့လား "

" အဲ.. အဲ့တာက "

ကြီးကြပ်ရေးမှူး အာစေးမိထားသလို ဘာမှပြောမထွက်ဘူးဖြစ်နေတယ်။

မြို့စားမင်းအသစ်ရဲ့ အမေးက ဒေါသသံမပါပေမဲ့ သူ့ကို ဇောချွေးပြန်လာစေဖို့ လုံလောက်လှတယ်။ မျက်လုံးတွေက မြို့စားမင်းကိုလည်း မကြည့်ရဲတာမို့ တောင်ကြည့်မြောက်ကြည့်လုပ်မိတော့ မြို့စားမင်းနောက်မှာ ရပ်နေတဲ့ အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရတယ်။

အလိုလေး

သူနဲ့မျက်လုံးချင်းဆုံသွားတော့ ပြုံးပြလာတဲ့မျက်နှာလေးက ဘုရားတမိလောက်အောင်ကို ကြည့်ကောင်းလှပါတယ်။

အထူးသဖြင့် ခပ်ရဲရဲစိုစို နှုတ်ခမ်းတွေအောက်က မှဲ့နက်သေးသေးလေးပါပဲ။

BJYX Short StoriesWhere stories live. Discover now