I Like you

3.2K 309 10
                                    

( Unicode + Zawgyi )

Unicode

ဒုန်း!

" အ "

နံရံနဲ့ကျောပြင် ဆောင့်မိသွားတဲ့ အားကအတော်ပြင်းတယ်။ ရှောင်ကျန့် နာသွားတာကြောင့် ရှေ့ကလူကိုအော်ထုတ်ပစ်လိုက်တယ်။

" ဝမ်ရိပေါ်!! "

သူ့ထက် ခြောက်နှစ်တောင်ငယ်တဲ့ဒီကလေးက ဘာလို့ဒီလောကာ်တောင်အားသန်နေရတာလဲ?

" ပြော "

တစ်လောကလုံးကို မျက်လုံးထဲမထည့်တဲ့ပုံစံနဲ့ ဝမ်ရိပေါ်ကဖြေတယ်။

အဖြူနဲ့အပြာကျောင်းဝတ်စုံက ဝမ်ရိပေါ်ကို ရည်မွန်စေတဲ့ပုံစံပေါက်စေပေမဲ့ အကြည့်တွေကတော့ ရိုင်းစိုင်းကြမ်းတမ်းနေလွန်းတယ်။

ဝမ်ရိပေါ်က ပြောရင်းနဲ့ ရှောင်းကျန့်ခါးကိုရစ်သိုင်းလာတယ်။ ရှောင်းကျန့်က ရုန်းတယ်။ သေအောင်ရုန်းနေပေမဲ့ ဘယ်လိုမှမလွတ်ဘူး။

" ထပ်ရုန်းရင် ဖက်နမ်းပစ်မှာနော် "

ရှောင်းကျန့်ငြိမ်ကျသွားတယ်။

ဝမ်ရိပေါ်က တကယ်လုပ်မဲ့ပုံပဲ

သူဒီကျောင်းကို အလုပ်လျှောက်ခဲ့တာ သူ့ဘဝရဲ့အကြီးဆုံးအမှားပဲ။အလုပ်စဆင်းတဲ့နေ့မှာတင် ရှေ့က
ဝမ်ရိပေါ်ဆိုတဲ့ကောင်ရဲ့ ထိကပါးရိကပါးတွေလုပ်ခံရတယ်။ အိမ်ပြန်တိုင်း ဘေးမှာရှိတယ်။ ကြိုက်တယ်
ဆိုတာချည်းပဲ ပြောတယ်။ ငြင်းရင် ကားတင်ပြေးမယ်
လို့လည်း ခြိမ်းခြောက်သေးတယ်။

ဒီဖေ ငါအလုပ်ထွက်မယ်!!!

" ကျုပ် ခင်ဗျားကိုကြိုက်တယ် တကယ်ကိုသောက်ရမ်းကြိုက်တယ် "

ဝမ်ရိပေါ်က ဘွင်းဘွင်းရှင်းရှင်းသမား။ သူ့ဘဝမှာ
ရူးရူးမူးမူးကြိုက်တဲ့အရာဆိုလို့ ရှောင်းကျန့်နဲ့ စီးကရက်တွေပဲရှိမယ်။ စီးကရက်တောင်မှ စိတ်ညစ်တဲ့ချိန်ကျမှသာ လက်ကြားထဲရောက်ချင်ရောက်ဦးမယ် ဒါပေမဲ့ ရှောင်းကျန့်ကိုတော့ ဘဝတစ်လျှောက်လုံး သူနဲ့အတူရှိစေချင်တယ်။

" ငါမင်းကိုမကြိုက်ဘူး ငါ့ကို ဖိအားမပေးနဲ့"

ရှောင်းကျန့် ခါးပေါ်ကလက်တွေ တင်းကျပ်သွားတာကို ခံစားမိတယ်။ မျက်နှာပေါ်ရိုက်ခတ်နေတဲ့ ဝင်သက်ထွက်သက်တွေကြမ်းတာလာတာကိုရောပဲ။

BJYX Short StoriesWhere stories live. Discover now