A Legend From Lihua

1.6K 157 4
                                    

( Unicode  + Zawgyi )

Unicode

နောက်တစ်နေ့နံနက်တွင် ဝမ်ရိပေါ်သည် မနက်ခင်းဂါရဝပြုခြင်း အမှုအား နောက်ကျမှပြုမိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲတွင် လွန်စွာကြီးလေးသော အပြစ်ကိုလုပ်မိခဲ့သည်ဟု ခံစားရ၍ အမတသခင်နှင့် မျက်နှာချင်းမဆိုင်ရဲခဲ့သောကြောင့်ပင်။

" သည်နေ့ နောက်ကျတယ်၊ ညက စောစောမအိပ်ခဲ့ဘူးလား  "

သူထင်ထားသည့်အတိုင်း အမတသခင်က မေးမြန်းလာ၏။ အမြဲလိုလို အချိန်မှန်ရောက်လာတတ်သည့်
ကောင်လေးက အခုပုံမှန်ထက် နောက်ကျသည်ဆိုတော့ ကြုံတောင့်ကြုံခဲပင်။

" ဟုတ်ကဲ့ ကျွန်တော်ညက အိပ်မပျော်ခဲ့ပါဘူး "

အကြောင်းအရင်းကိုတော့ ရိပေါ် ပြောမထွက်ရဲပါ။

" ကောင်းပြီ "

အမတသခင်က ဘာမျှမေးမလာတော့ဘဲ လက်ထဲမှ ရှေးဟောင်းစာအုပ်တစ်အုပ်အား ဆက်လက် ဖတ်ရှုနေတော့သည်။

ရိပေါ် ထိုစာအုပ်ကို ကောင်းကောင်းသိသည်။

ယင်းသည် သုံးလောကအကြောင်း ကျယ်ပြန့်စွာရေးသားထားသည့် သမိုင်းမှတ်တမ်းအမျိုးအစားဖြစ်ပြီး  အထက်မိုးကောင်းကင်နှင့် မဟာပထဝီမြေကြီး စတင်ဖြစ်ပေါ်ခဲ့ချိန်ကစလို့ နတ်ဆိုးနှင့် နတ်ဘုရားတို့၏ စစ်ပွဲများ၊ လူ့ဘုံရှိပဋိပက္ခများ စသည်ဖြင့် မျိုးစုံနေအောင် ပါသည်။

ရိပေါ် အသက်၁၂နှစ်ကတည်းကပင် ထိုစာအုပ်တစ်အုပ်လုံးအား နှံ့စပ်စွာဖတ်ထားပြီးဖြစ်၏။

ထိုထဲကမှ သုံးလောက၏ ပထမဆုံး လူသား-နတ်ဘုရားသွေးနှော အမျိုးသမီးနတ်စစ်သူကြီး၏ ရာဇဝင်ကို သူ စိတ်အဝင်စားဆုံးဖြစ်သည်။

အသွေးထဲအသားထဲ စီးဆင်းနေသော မြင့်မြတ်မှုများနှင့် နတ်ဘုရားများအကြား သွေးနှောတစ်ယောက်က
သုံးလောက၏ အထွတ်အထိပ်ထိ တက်လှမ်းနိုင်ခဲ့သည်မှာ လေးစားဖွယ်ရာ ကောင်းလွန်းလှ၏။

ဝမ်ရိပေါ် ထိုရာဇဝင်အား စဖတ်စဉ်က " နတ်ဆိုး-လူသား သွေးနှောဆိုရင်ရော ဘယ်လိုဖြစ်လောက်မလဲ " ဟုတွေးမိသေးသည်။ ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။ လူသားများ၏ အကြောက်တရားကြောင့် မွေးကတည်းက ထိုကလေး အသက်အန္တရာယ်ရှိနိုင်သည် မဟုတ်လျှင်တော့ နတ်ဘုရားတို့၏ သုတ်သင်မှုဖြင့် ဆုံးပါးသွားရမည်သာ။

BJYX Short StoriesWhere stories live. Discover now