Do you love me ?

4.2K 295 4
                                    

{ ခ်န္ယြီ X ကုေဝ }

( Unicode + Zawgyi )

.
.
.

Unicode

မင်းတို့သိကြလား?

တစ်ခါမှမတွဲဘူးလို့ ရည်းစားဟောင်းလို့လဲခေါ်မရ
ရည်းစားလို့လည်း နာမည်တပ်လို့မရတဲ့ ဆက်ဆံရေးတစ်ခုကို ဘယ်လို နာမည်မျိုးတပ်ရမလဲဆိုတာကို

ဒါပေမယ့်လည်း သူ့နှုတ်ခမ်းလေးတွေက ​ထွက်ကျလာပါတယ်။

" ငါတို့က လူနာနဲ့ဆရာဝန်ဆက်ဆံရေး" တဲ့

ချန်ယွီ ဒါကိုနည်းနည်း လက်မခံချင်ဘူး။
သူတို့ဆက်ဆံရေးက လူနာနဲ့ဆရာဝန်ထက်ပိုတာပဲကို

ဘယ်ဆရာဝန်ကများ သူ့လူနာကို အနမ်းပေးပြီး
ဆေးတိုက်လို့တုံး?

ဘယ်ဆရာဝန်ကများ စိတ်ပူတယ်ဆိုပြီး ခပ်ကြီးကြီး missionတွေ အတွက်သွားခါနီးကျရင် တင်းတင်းကျပ်ကျပ်ဖက်လို့တုံး?

ဟမ့်! ဒေါက်တာကု မူပိုလွန်းတယ်

{ ချန်ယွီ ငါဒီနေ့နောက်ကျမယ် စောင့်မနေနဲ့တော့}

notiသံကြောင့် ချန်ယွီက လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောနေတာကို ခဏရပ်လိုက်ပြီး replyပြန်ဖို့လုပ်တယ်။

ဟုတ်တယ် သူတို့က ကွန်ဒိုတစ်ခုထဲမှာအတူနေကျတဲ့အခန်းဖော်တွေလဲဖြစ်နေသေးတယ်။

အမ်း နည်းနည်းတော့ပိုတာပေါ့
နောက်မှဆက်ပြောပြမယ်

{ကိစ္စမရှိဘူး ကိုယ်စောင့်... }

" ရှောင်ချန် xxxလမ်းမှာ အကြမ်းဖက်မှုဖြစ်တယ် သုံးမိနစ်အတွင်းသွားရမယ် အသင့်ပြင်! "

ခေါင်းဆောင်ရဲ့  ခပ်ကျယ်ကျယ်ပြန့်လွင့်လာတဲ့ စကားသံနဲ့အတူ အရေးပေါ်အချက်ပေးသံကြောင့်
ချန်ယွီက typeနေတဲ့စာတွေကို ဖျက်လိုက်ပြီး တဖန်ထပ်typeတယ်။

{ကိစ္စမရှိဘူး ကိုယ်လည်းနောက်ကျမယ်ထင်တယ်}

အင်မတန်မြန်ဆန်စွာtypeပြီးနောက်မှာတော့ ချန်ယွီက လိုအပ်တာတွေကို ယူရင်း ပြေးရတော့တယ်။

.
.
.
.

တစ်နေ့တာတာဝန်တွေပြီးတော့အချိန်က ဆယ့်တစ်နာရီစွန်းစွန်းဖြစ်နေပြီ။

BJYX Short StoriesWhere stories live. Discover now