( Unicode + Zawgyi )
Unicode
ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ရဲ့အိမ်က တစ်လမ်းပဲကွာတယ်။
မိဘချင်း အထူးတလည်ရင်းနှီးတာမျိုးမရှိတာတောင် ဝမ်ရိပေါ်ဟာ ရှောင်းကျန့်မိဘတွေနဲ့ ဆက်ဆံရေးကောင်းတယ်။စာလည်းတော် ရုပ်ရည်လည်းကောင်းတဲ့အပြင် ရည်ရည်မွန်မွန်ရှိတဲ့ကလေးကို ဘယ်သူက သဘောမကျဘဲနေမလဲလေ။
ဒါကြောင့် ဝမ်ရိပေါ်က ရှောင်းကျန့်အိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာနိုင်တယ်။ ကောင်းချီးပေးခံထားရသလိုပါပဲ။
" မေမေ နေကောင်းလားဗျ "
အိမ်ထဲရောက်တာနဲ့ ဝမ်ရိပေါ်ရဲ့ ချိုချိုမြိန်မြိန်အသံက
ရှောင်းမာမားရဲ့မျက်နှာမှာ အပြုံးတစ်ပွင့် ဖြစ်ထွန်းသွားစေတယ်။" ရိပေါ်ပါလာတာကိုး ညစာစားပြီးမှပြန်နော် သားလေး "
" ဟုတ် "
" ဘယ်သူက သူ့မေမေလဲ "
သူများအမေကို ပိုင်စိုးပိုင်နင်းနဲ့ ' မေမေ ' ခေါ်နေတဲ့လူကို
ရှောင်းကျန့် မျက်စောင်းထိုးလိုက်တယ်။ တစ်ခါတလေကျ ရှောင်းအိမ်ရဲ့သားက သူလား ဝမ်ရိပေါ်လားတောင် မသဲကွဲဘူး။" ငါရေချိုးချင်သေးတယ် ၊ ရိပေါ် မင်း ငါ့အခန်းထဲလိုက်မလား ဒီမှာနေခဲ့မှာလား "
" ငါဒီမှာပဲနေခဲ့မယ် မင်းပြီးရင် ခေါ်လိုက် ရေချိုးတာ မကြာစေနဲ့နော် "
" အွန်း "
ဝမ်ရိပေါ်က ရှောင်းကျန့်ရေချိုးနေတာကို စောင့်ရင်း မီးဖိုချောင်ထဲမှာ ရှောင်းမာမားကို ကူပေးနေတယ်။ ရှောင်းမာမားကတော့ သူ့မှာ သားတစ်ယောက်ထပ်ရနေပြီဆိုပြီး ပြောနေလေရဲ့။
" ဘယ်နှယ့်လဲ သား စားကောင်းလား? "
" စားကောင်းတယ်ဗျ အကောင်းဆုံးပဲ "
ရေချိုးပြီးဆင်းလာတဲ့ ရှောင်းကျန့်ကတော့ မီးဖိုချောင်ထဲက သားအမိနှစ်ယောက်ရဲ့အသံတွေကြောင့် အလိုလိုကို နှုတ်ခမ်းဆူမိသွားတယ်။
" ရိပေါ် စာလုပ်မယ်လေ "
" လာပြီ လာပြီ "
အသံနဲ့အတူ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်နားကို လှစ်ခနဲရောက်လာတယ်။